Skip to main content

အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (အေးသာယာ) အား (တတိယ) အကြိမ် လွှဲပြောင်းပေးအပ်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ် (တောင်ပိုင်း) အေးသာယာမြို့ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (အေးသာယာ) အား (တတိယ) အကြိမ် လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါအိမ်ရာ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ဦးစွာ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (အေးသာယာ) (တတိယ) အကြိမ်လွှဲပြောင်း ပေးအပ်ခြင်းကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအိမ်ရာ ဓမ္မာရုံဆောက်လုပ်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသည့် ငွေကျပ်သိန်း ၆၀၀ နှင့် ဘိလပ်မြေအိတ် ၅၀၀ အား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ဦးက လက်ခံရယူသည်။

ယင်းနောက် တိုင်းမှူးက နေထိုင်ခွင့်ရရှိသော စစ်မှုထမ်းဟောင်းမိသားစုဝင်များအား နေထိုင်ခွင့်ကတ်ပြားနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ စစ်မှုထမ်းဟောင်းမိသားစုဝင်များကိုယ်စား စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ဦးက လက်ခံရယူသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်