Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာ့ရိုးရာထမနဲထိုးပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် မြန်မာ့ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ဘာသာရေးပွဲတော်များနှင့် ပျော်ပွဲရွှင်ပွဲများတွင် အရာထမ်း၊ အမှုထမ်းများပါဝင်စေရေး အခါအားလျော်စွာ ကျင်းပဆောင်ရွက်လျက်ရှိရာ မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များအနက် တပို့တွဲလထမနဲထိုးပွဲကို ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနသုံးခုအောက်ရှိ ဝန်ထမ်းများအချင်းချင်းဖေးမကူညီလိုစိတ်ရှိစေရန်၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်စေရန်၊ မြန်မာ့ရိုးရာဓလေ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ထမနဲထိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံး ရုံးအမှတ် (၅၆) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

တပျော်တပါးကြည့်ရှု

ထမနဲထိုးပွဲကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနအသီးသီးမှ အရာထမ်းများနှင့် အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများ တပျော်တပါး ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်