တောင်ကြီး နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ရန် သွားရောက်ကြမည့် ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ကြက်ခြေနီစေတနာ့ လုပ်အားရှင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်(၃၅)သိန်း ထောက်ပံ့ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများမှပေးအပ်ရာ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လက်ခံရယူ ကြောင်းသိရသည်။
မောင်မောင်သန်း(တောင်ကြီး)