Skip to main content

(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၁၇) ကြိမ်မြောက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးကျင်းပမည်

နေပြည်တော် နိုဝင်ဘာ ၁၆

(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 17th China-ASEAN Expo) နှင့် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေး (The 17th China-ASEAN Business and Investment Summit) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီး ပြည်နယ်၊ နန်နင်းမြို့တွင် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ Online ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ Online CAEXPO ၌ B2B အစီအစဉ်များတွင် one - on - one match meeting ပွဲနှင့် Business Matching များ၊ On line Business Talks များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ 

ယခုနှစ်ကုန်စည်ပြပွဲတွင် COVID-19 ကပ်ရောဂါကြောင့် မြန်မာလုပ်ငန်းရှင်ကုမ္ပဏီများ သွားရောက် မပြသနိုင်သော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ရောက် ရှိနေသော မြန်မာလုပ်ငန်းရှင် ကုမ္ပဏီခွဲ(၁၆)ခုက မြန်မာ့ထွက်ကုန်နမူနာပစ္စည်းများကို မြန်မာသံရုံး (ပေကျင်း)နှင့် ကောင်စစ်ဝန်ချုပ်ရုံး (နန်နင်း) တို့၏ ပူးပေါင်းမှုဖြင့်  ပြခန်း(၂၈)ခန်း ပါဝင် ပြသရန် စီစဉ်ထားသည်။

နန်နင်းကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် တရုတ်-အာဆီယံကုန်စည်ပြပွဲ၌ ၈၁ စတုရန်း မီတာ အကျယ် အဝန်းရှိ မြန်မာပြခန်း ဆောင်၌ မြန်မာနိုင်ငံအရပ်ရပ်ရှိ ထင်ရှားသော မြို့များ၏ မြန်မာ့ရှုခင်း၊ မြန်မာ့ရိုးရာပွဲတော်များ၊ စီးပွားရေးကဏ္ဍများအား ဓာတ်ပုံများဖြင့် ပြသရန် စီစဉ်ထားရာ မြန်မာ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများကို မိတ်ဆက် ပြသလိုပါက မြန်မာလုပ်ငန်းရှင်များ၏ တရားဝင်တည်ထောင်ထားသော လုပ်ငန်းများ၏ လုပ်ငန်း/ ကုန်စည်/ ဝန်ဆောင်မှု/ ခရီးသွား လုပ်ငန်းဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ဗီဒီယိုဖိုင် (  ကြာမြင့်ချိန်- ၅ မိနစ်မှ ၁၀ မိနစ်ခန့်၊ ဖိုင်အမျိုး အစား- mp4၊ နောက်ခံစကားပြော အဖြစ် အင်္ဂလိပ် (သို့မဟုတ်) တရုတ်စကားပြောဖြစ်ရမည်။ မြန်မာစကားပြောနောက်ခံ ဖြစ်ပါက အင်္ဂလိပ်ဘာသာ (သို့မဟုတ်) တရုတ်ဘာသာဖြင့် sub-title ရေးထိုးရမည် ) ပြုစု၍ ပြသနိုင်သည်။ သို့ပါ၍ နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူး၊  economicattachenanning @outlook.com  နှင့် economicattachenanning@ gmail.com တို့သို့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၀ ရက် ထက်နောက်မကျစေဘဲ  ပေးပို့ပြသနိုင်ပါကြောင်း သိရ သည်။

(သတင်းစဉ်)