Skip to main content

တိုင်းပြည်အနာဂတ်လမ်းဖြောင့်ဖြူးစေမည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာနယ်မြေများအလိုက်ကျင်းပခဲ့ပြီး နိုင်ငံသားတစ်ဦးတာဝန်ကို ကျေပွန်ခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ကျွန်မက ပထမဆုံးမဲပေးတာဆိုတော့ စိတ်လှုပ်ရှားမိပါတယ်။ အလွန်လည်းကျေနပ်ပါတယ်။ နိုင်ငံသားတစ်ယောက်ရဲ့တာဝန် ကျေပွန်သွားပြီလို့လည်း ခံစားမိပါတယ်။ ကျွန်မတို့ လူငယ်တွေအတွက် အကျိုးပြုမယ့်ခေါင်းဆောင်ကောင်းကိုလည်း အများကြီးမျှော်လင့်ထားပါတယ်။ ဘယ်သူပဲ ရရပေါ့နော်။ နိုင်ငံအတွက်ကိုလည်း အများကြီး အကျိုးပြုမယ့်လူကို မျှော်လင့်မိပါတယ်။

ကျွန်မကပျဉ်းမနားမြို့က လာပြီးမဲပေးတာပါ။ ပထမဆုံးမဲပေးခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်မလိုပဲ မဲပေးပိုင်ခွင့်ရှိတဲ့ လူငယ်တွေအားလုံး မဲလာပေးပါလို့ နှိုးဆော် အပ်ပါတယ်။

MEVM စက်နဲ့ပေးတဲ့အတွက်ကြောင့် ပိုပြီးတိကျတယ်။ ကိုယ်ပေးချင်တဲ့ပါတီကို တစ်ခါတည်းနှိပ်လိုက်တာနဲ့ လွယ်လွယ်ကူကူတိကျတဲ့အဖြေ ရတယ်ပေါ့နော်။ အဲဒါကြောင့် လွယ်ကူတယ်လို့ ပြောတာပါ။ ကျွန်မက ဗမာဆိုတော့ သုံးမျိုးပဲပေးခဲ့ရပါတယ်။ ကျွန်မတို့ တိုင်းပြည်အတွက်၊ နိုင်ငံအတွက် အကောင်းဆုံးပေးဆပ်မယ့် လွှတ်တော်ကိုယ်စား လှယ်တွေအားလုံးကို မဲပေးခဲ့တာဖြစ်ပါတယ်။ ဒီနေ့တာဝန်ကျေတယ်လို့ ခံစားရပါတယ်။

ကျွန်တော်က ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲပေးတာ ပထမဆုံးအကြိမ်ပါ။ ဒီလိုမျိုး Privacy တွေလည်းရှိတော့ မဲပေးရတာအဆင်ပြေပါတယ်။ ကိုယ်ရွေးချယ်ချင်တဲ့လူကို မဲပေးခဲ့ရလို့ ပျော်ပါတယ်။ ကျွန်တော်တို့မဲပေးပြီး ထွက်ပေါ် လာမယ့်အစိုးရက ကျွန်တော်တို့ပြည်သူပြည်သား တွေအတွက်ရော လူငယ်တွေအတွက်ရော ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ဖော်ဆောင်ပေးမယ်လို့ယုံကြည်ပါတယ်ခင်ဗျ။