Skip to main content

ဒုတိယဝန်ကြီး ဦးထိန်လင်း (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်မည့် ယဉ်ကျေးမှုအဖွဲ့များအား ဧည့်ခံကျွေးမွေးမည့် စားရိပ်သာပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၅

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီမှတာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်ဧည့်ရိပ်သာအတွင်းရှိ ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်မည့်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယဉ်ကျေးမှုအဖွဲ့များအား ဧည့်ခံကျွေးမွေးမည့် စားရိပ်သာပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များအား ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များနှင့် နေထိုင်စားသောက်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် ဧည့်ခံကျွေးမွေးမည့် ရိပ်သာပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ အစားအသောက်များကျွေးမွေးရန် ချက်ပြုတ်ပြင်ဆင်မည့်နေရာ၊ ဟင်းသီးဟင်းရွက်များနှင့် ကုန်ခြောက်များ သိုလှောင် သိမ်းဆည်းထားရှိမည့်နေရာများ ကိုကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော် အဆင့် အခမ်းအနားဖြစ်သည့်အတွက် ပြင်ဆင်ဆောင်ရွက်မှုများတွင် လစ်ဟင်းမှုများမရှိစေရန် အထူးဂရုစိုက်ဆောင်ရွက်သွားရန်၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ မဖြစ်ပွားအောင်ချက်ပြုတ်မည့် နေရာများအား စနစ်တကျသန့်သန့်ရှင်းရှင်းထားရှိသွားရန်နှင့် အဝင်လမ်းတစ်လျှောက် အလံတိုင်စိုက်ထူခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်