Skip to main content

ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် အထူးရထားများ တိုးချဲ့ပြေးဆွဲမည်

နေပြည်တော် ဒီဇင်ဘာ ၂၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ရထားလမ်းပိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ အချက်ပြစနစ် ပိုမိုခေတ်မီလာခြင်းနှင့်အတူ ခေတ်မီစက်ခေါင်းနှင့် လူစီးတွဲများ အသုံးပြုလာနိုင်ခြင်းကြောင့် ရန်ကုန်-မန္တလေး အဓိကရထားလမ်းပိုင်း၌ ရထားအမြန်နှုန်းများ တိုးမြှင့်ပြီး ပြေးဆွဲချိန်လျှော့ချနိုင်ခဲ့သဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်ရန် ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လည်းကောင်း၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတို့တွင် လေအိတ်ရထားတွဲဆိုင်းများဖြင့်လည်းကောင်း နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ ခရီးသည်များ ကြိုက်နှစ်သက်ကြပြီး စီးနင်းမှုများပြားသဖြင့် ခရစ္စမတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများအား အောက်ပါနေ့ရက်များအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ဆောင်းပါး

ဆောင်းပါး

အထက်ပါနေ့ရက်များအလိုက် အထူးရထားများအပြင် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် ရထားများတွင် လည်း ဝန်ချိန်ပြည့်တွဲဆိုင်းများ ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် ရထားများအတိုင်းဖြစ်ကြောင်းနှင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် အထက်တန်းလက်မှတ်ကို သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်ကို တစ်ရက်ကြိုတင်၍လည်းကောင်း သက်ဆိုင်ရာဘူတာများတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် ရထားများအတွက် ကြိုတင်လက်မှတ်များ ရောင်းချရာတွင် ငါးရက် ကြိုတင်ပြီး ဖုန်း ၀၉၈၈၀၉၄၂၆၀၀ (နေပြည်တော်)၊ ၀၉၈၈၀၉၄၂၆၀၁ (ပျဉ်းမနား)၊ ၀၉၈၈၀၉၄၂၆၀၈ (ရန်ကုန်) တို့အား ကြိုတင်Booking ပြုလုပ်၍ MMQR Code ဖြင့် အသုံးပြုကာ ငွေပေးချေခြင်း၊ တန်းစီခရီးသည်များ လက်မှတ်ဝယ်ယူရာတွင်လည်း လက်မှတ်ခကို ငွေသားအပြင် MMQR Code အသုံးပြု၍ ငွေပေးချေခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

သတင်းစဉ်