နေပြည်တော် နိုဝင်ဘာ ၁၄
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၀ ပြည့််နှစ် နိုဝင်ဘာလ အတွဲ ( ၄၇) အမှတ်(၁၁)ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိက ဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာ”ဖြစ်ပါသည်။ မျက်နှာ ဖုံးဆောင်းပါးကဏ္ဍတွင် ရွေးကောက်ပွဲနှင့် တရားမဲ့ပြုကျင့်မှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ရွေးကောက်ပုံစနစ်များ၊ နိုင်ငံရေးဆိုင်ရာ နှိုင်းရနှုန်းစံအဆင့်များနှင့် ဒီမိုကရေစီ၊ ကဗျာကဏ္ဍ၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍ၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍ၊ ကျန်းမာရေး ဆိုင်ရာကဏ္ဍ၊ ဖြစ်ရပ်မှန်ကဏ္ဍ၊ ဝတ္ထုတိုကဏ္ဍစသည်ဖြင့်် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာ စာစောင်ကို တစ်အုပ်လျှင် ငွေကျပ် ၂၅ဝဝ နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (တ-၅၅) သပြေကုန်းစျေး နေပြည်တော် ဖုန်း- ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန်စာအုပ်ဆိုင် ၈၆ လမ်း ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန် မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေး မြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စား လှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင်အမှတ် (၅၂၉-၅၃၁)ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁ - ၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
သတင်းစဉ်