Skip to main content

ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲကို MRTV မှ အပတ် စဉ် သောကြာနေ့ညတိုင်းပြသမည်

နေပြည်တော် နိုဝင်ဘာ ၄

ရန်ကုန်တက္ကသိုလ်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဖွဲ့ တေးသီချင်း အပုဒ် (၁၀၀) ကို အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်မည်ဖြစ်ရာ နိုဝင်ဘာ ( ၆ ) ရက်ညတွင် ပွဲစဉ်(၄)အဖြစ် ဂီတမှူး စန္ဒရားဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် ခင်မောင်ကြီး၊ စန္ဒရားဘသန်းတင် ၊ မိုးထက်မြင့် ၊ ဘုန်းသစ်၊ ခင်ညွန့်ရည်၊ နှင်းရည်သန့်၊ စိမ်းလဲ့လဲ့ ၊ စိမ့်နေခြည် ၊ သွန်း ၊ အိုပြည့်ရှင် ၊အေးမြဖြူတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

အဆိုပါတင်ဆက်ခဲ့မှုကို နိုဝင်ဘာ (၈)ရက် ၊ တနင်္ဂနွေနေ့ ၊ နံနက် (၁၀)နာရီခွဲ တွင် ဒုတိယအကြိမ်ပြန်လည်ထုတ်လွှင့်ပြသမည်ဖြစ်ပါကြောင်း သိရသည်။

(သတင်းစဉ်)