နေပြည်တော် နိုဝင်ဘာ ၅
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှ စ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့် ပြသလျက်ရှိသည်။
နိုဝင်ဘာ(၅)ရက် ညနေတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက် နိုင်ရေးအဖွဲ့ဝင် ကျန်းမာရေးပညာရှင်ကြီးများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှတာဝန်ရှိသူ ကျန်းမာရေးပညာရှင်များဖြစ်သည့် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအား ဖြည့်ဆောင်ရွက်ရေး အဖွဲ့ဝင် ၊ ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို)၊ ပါမောက္ခ ဒေါက်တာထင်အောင်စော ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ ၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါ နှိမ်နင်းရေးဌာနခွဲ) ဒေါက်တာတိုးသီရိအောင်နှင့် ညွှန်ကြားရေးမှူး (ကျန်းမာရေး အသိပညာ မြှင့်တင်ရေး) ဒေါက်တာသန်းနိုင်စိုး တို့က ပြည်သူများ သိရှိမေးမြန်း လိုသည့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများအပေါ် ပြန်လည်ဖြေကြားချက်များကို ဆက်လက်ထုတ်လွှင့် သွားမည် ဖြစ်ကြောင်း သိရ သည်။
(သတင်းစဉ်)