Skip to main content

စတုတ္ထအကြိမ် အဆင့်မြင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ နိုင်ငံတကာ စာတမ်း ဖတ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၄

စတုတ္ထအကြိမ် အဆင့်မြင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲ (The 4th International Conference on Advanced Information Technologies) (ICAIT 2020) အခမ်းအနားကို ရန်ကုန်မြို့ရှိ သတင်း အချက် အလက် နည်းပညာတက္ကသိုလ်၌ နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်များတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က “Internet of Things (IOT), Big Data, အသိဉာဏ်တုနှင့် စက်ရုပ်နည်း ပညာများ သည် စက်ရုံအလုပ်ရုံများနှင့် လူသားအင်အားစုများ နေရာတွင် အစားထိုးဝင် ရောက်လာ ကြသဖြင့် Industry 4.0 နှင့်လိုက် လျောညီသော Education 4.0 ကို ဖော်ဆောင် လာကြပါကြောင်း၊ ဒီဂျစ်တယ် နည်းပညာဖြင့် ဆရာ ဆရာမများ၏ စွမ်းဆောင် မှု အခန်းကဏ္ဍများကို တိုးမြှင့် လျက်ရှိပါကြောင်း၊ ဆရာ ဆရာမများသည် ကျောင်းသား ကျောင်းသူများအား ဒီဂျစ်တယ်နည်းပညာဖြင့် ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ အတွေး အမြင်၊ တန်ဖိုးထားမှုတို့ကို ဖြည့်ဆည်းပေးသူများ ဖြစ်လာကြပါကြောင်း၊ သို့ဖြစ်ရာ ဆရာ ဆရာမများအပါအဝင် ပညာရေးဝန်ထမ်းများအား ဒီဂျစ်တယ်နည်းပညာများကို ပံ့ပိုးပေး ကြရမည်ဖြစ်ပါကြောင်း။

ပညာရေးအရည်အသွေးမြှင့်တင်ရာတွင် မူဝါဒ၊ စီမံကိန်းလုပ်ငန်းများ၊ အမျိုးသား အရည်အသွေး အညွှန်းဘောင်၊ Credit Transfer စနစ်၊ အရည်အသွေး  အဆင့်အတန်း အသိအမှတ်ပြုမှု၊ အလုပ်အကိုင်ရရှိရေး၊ ဘဝတစ်သက်တာသင်ယူမှု၊ လေ့လာဆန်းစစ် မှုနှင့် အကဲဖြတ်မှု၊ လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းမှု တို့သည် လွန်စွာ အရေးကြီးလှပါ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် ပညာရေးကဏ္ဍအပါအဝင် ကမ္ဘာပေါ်ရှိ ကဏ္ဍစုံ အပေါ် သက်ရောက်မှုရှိခဲ့ပါကြောင်း၊ ကမ္ဘာ့ကပ်ရောဂါတုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင် ရေးအတွက် နည်းပညာနှင့် အခြေခံအဆောက်အအုံများပံ့ပိုးပေးရန် လိုအပ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာဒီဂျစ်တယ်ပညာရေးပလက်ဖောင်း (MDEP) ကို တည်ဆောက်ကာ အခြေခံပညာကျောင်းများအတွက် အွန်လိုင်းသင်ခန်း စာများ ကို လွှင့်တင်ပေးထားပါကြောင်း၊ ရုပ်မြင်သံကြားသင်ခန်းစာများကို ပညာရေး ရုပ်မြင်သံကြား အစီအစဉ်မှ ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနှံ့ သင်ယူမှု အခွင့်အလမ်း မြှင့်တင်နိုင်ရန်အတွက် ရုပ်မြင်သံကြားလိုင်းများ၊ FM ရေဒီယိုအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ အင်တာနက်လက်လှမ်းမမီသော ဝေးလံခေါင်ဖျားဒေသများမှ ကျောင်းသားများ အတွက် ဒီဂျစ်တယ်သင်ခန်းစာများကို DBE Box နှင့် DBE Stick များဖြင့် သင်ယူလေ့လာနိုင်ရန် ပံ့ပိုးပေးပြီးဖြစ်ကာ DBE Box နှင့် DBE Stick များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် အပါအဝင် တက္ကသိုလ် ၁၆ ကျောင်းတွင် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ဖြင့် တိုးမြှင့်ဆောင်ရွက် ခြင်းကို စမ်းသပ်ကျင့်သုံးနိုင်ရန် အားပေး ဖြည့်ဆည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၁ ရာစု ကျွမ်းကျင်မှုများ ဖြည့်ဆည်းပေးနိုင်မည့် တက္ကသိုလ်သင် ရိုးညွှန်းတမ်းများ ဖြစ်လာ စေရေးအတွက် ပြန်လည် သုံးသပ်အဆင့်မြှင့်တင်သွားရန် အားပေးသွား မည်ဖြစ်ပါ ကြောင်း၊ ဘဝတစ်သက်တာသင်ယူမှု အခွင့်အလမ်းများကို အတန်းတွင်း သင်ယူမှု၊ အွန်လိုင်းသင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုတို့ဖြင့် အားပေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ စတုတ္ထအကြိမ် အဆင့်မြင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ နိုင်ငံ တကာ စာတမ်းဖတ်ပွဲတွင် နိုင်ငံတကာနှင့် ပြည်တွင်းတက္ကသိုလ်များမှ စာတမ်း ပေါင်း (၄၁) စောင်ကို ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)