Skip to main content

မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ ထွက်ခွာ

နေပြည်တော် စက်တင်ဘာ ၁၆

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရန်အတွက် ဗိုလ်မှူးကြီး ဇာနည်အောင် ဦးဆောင်သည့် မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များပါဝင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်လေဆိပ်မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး နေအောင်စိုး၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ စစ်သံမှူး JASWINDER S GILL တို့က လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိ ၊ စစ်သည်များ စုစုပေါင်း ၁၂၀ လိုက်ပါသွားပြီး အိန္ဒိယနိုင်ငံ ဂါယာမြို့ရှိ အထင်ကရနေရာများ၊ သင်တန်းကျောင်း၊ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ စက်တင်ဘာ ၁၉ ရက်အထိ လေ့လာလည်ပတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်