နေပြည်တော် နိုဝင်ဘာ ၂
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ကိုရီးယား သမ္မတနိုင်ငံ၌ စာချုပ်သက်တမ်းကုန်ဆုံး၍ အခက် အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသား များအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် Dragon Tun ကုမ္ပဏီ တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ် တွင် ကိုရီးယားသမ္မတနိုင်ငံမှ ၁၂၃ ဦး၊ အင်ဒိုနီးရှားမှ ခုနစ်ဦး၊ သီရိလင်္ကာမှ သုံးဦး၊ စင်ကာပူမှ နှစ်ဦး မြန်မာ သင်္ဘောသား စုစုပေါင်း ၁၃၅ ဦး လိုက်ပါကြသည်။
အလားတူ ကိုရီးယားသမ္မတ နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား Crew Change ပြုလုပ်နိုင်ရန်အတွက် မြန်မာ သံရုံး ဆိုးလ်မြို့နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘော သားများ အဖွဲ့ ချုပ်တို့မှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၉ နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ် တွင် ကိုရီးယားသမ္မတနိုင်ငံမှ ၁၄၁ ဦး၊ ပိုလန်မှ နှစ်ဦး၊ စင်ကာပူမှ တစ်ဦး မြန်မာသင်္ဘောသားစုစုပေါင်း ၁၄၄ ဦး လိုက်ပါခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/ သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု ခုနစ်ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှုခုနစ်ရက် နေထိုင်စေရေး တို့ကို အလုပ် သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင် ရွက်ပေးခဲ့ သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘော သားများအား ပြန်လည်ခေါ် ဆောင်ရန် Coronavirus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟို ကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်