Skip to main content

ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 တွင် Development Project Phase 1E အရ အသစ်တည်ဆောက်မည့် ပလက်ဖောင်း(၄)ခုတပ်ဆင်ခြင်းနှင့် ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်သွားမည့်တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော No.1 Point ZWP 16 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅မိနစ် ၂၀.၁၅၉၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၃ မိနစ် ၂၇.၃၈၄၁ စက္ကန့်၊ Point ZWP 12 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၁ မိနစ် ၅၂.၇၂၁၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၆ မိနစ် ၄၃.၅၄၃၅ စက္ကန့်၊ No.2 Point ZWP 17 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၁ မိနစ် ၀၄.၈၃၁၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၀ မိနစ် ၃၉.၇၇၄၈ စက္ကန့်၊ ZWP 13 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၉မိနစ် ၀၇.၈၃၃၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၉ မိနစ် ၂၂.၈၂၇၈ စက္ကန့်၊ No.3 ZWP 18 မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၇ မိနစ် ၀၀.၁၆၆၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၆ မိနစ် ၀၅.၅၂၁၇ စက္ကန့်၊ ZWP 14 မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၉ မိနစ် ၅၄.၃၂၀၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၇ မိနစ် ၄၅.၄၁၉၀ စက္ကန့်နှင့် Point 4 ZWP 19 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅မိနစ် ၂၄.၁၅၂၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၆ မိနစ် ၅၁.၀၀၅၆ စက္ကန့်၊ ZPQ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၁ မိနစ် ၂၇.၈၁၄၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၂ မိနစ် ၄၄.၂၇၈၆ စက္ကန့်တို့အတွင်းတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ် M-9 တွင် Development Project Phase 1E အရ အသစ်တည်ဆောက်မည့် ပလက်ဖောင်း(၄)ခုတပ်ဆင်ခြင်းနှင့် ရေအောက်ပိုက်လိုင်း ဆက်သွယ်ရေးလုပ်ငန်းများကို Heavy Lift Vessel, “HUA TIAN LONG” ၊ Pipe Lay Barge, “HUI ZHONG 301” နှင့် Dive Support Vessel “HUA XIANG LONG” ရေယာဉ်တို့ဖြင့် လုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါတည်နေရာများမှ (၄) ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Marinersထုတ်ပြန် ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။

ငါးလုပ်ငန်းဦးစီးဌာန