Skip to main content

အမေရိကန်နိုင်ငံရှိ မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာအသိုက်အဝန်း မိသားစုဝင်များမှ မြန်မာနိုင်ငံ၏ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင် ရန် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

နေပြည်တော် အောက်တိုဘာ ၃၁

၁။ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါပြန့်ပွားမှုအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် အခြေချနေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသား ဟောင်းများနှင့် မြန်မာအသိုက် အဝန်း မိသားစုများမှ N95 Face Mask (၇,၃၀၀)၊ Surgical နှင့် Disposable Face Mask (၈၄,၀၀၀)၊ Face Shield (၉,၁၀၀) နှင့် Disposable CPE Gown (၅၄၀) အပါအဝင် အခြား ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။

၂။ အဆိုပါ မြန်မာအသိုက်အဝန်းမိသားစုများမှ လှူဒါန်းခဲ့ကြသည့် ကျန်းမာရေး အထောက် အကူပြုပစ္စည်းများကို လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်မှ လက်ခံ ရယူခဲ့ပြီး ၂၅-၁၀-၂၀၂၀ ရက် (တနင်္ဂနွေနေ့) တွင် ကာတာလေကြောင်းဖြင့် ပို့ဆောင်ခဲ့ရာ ၃၀-၁၀-၂၀၂၀ ရက် (သောကြာနေ့) တွင် မြန်မာ နိုင်ငံသို့ ချောမွေ့စွာ ရောက်ရှိခဲ့ပါသည်။ အဆိုပါ လှူဒါန်းပစ္စည်းများ အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လွှဲပြောင်းလက်ခံ ရယူခဲ့ကြောင်း သိရှိရပါသည်။

#Ministry_of_Foreign_Affairs_Myanmar