Skip to main content

တန့်ယန်းမြို့နယ်နှင့် သာစည်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဩဂုတ် ၂၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၈ ရက် ည ၈ နာရီခွဲတွင် သတင်းအရ တန့်ယန်းမြို့နယ် တာကော်အက်ကျေးရွာ တံတားအနီးတွင် တန့်ယန်းမြို့မှ ပန်ဆန်းမြို့သို့ ဆမ်မိန်း(၂၉)နှစ် မောင်းနှင်ပြီး အိုက်ဆမ်(၂၀)နှစ်နှင့် မအေးဆာ (၂၀)နှစ်တို့ လိုက်ပါလာသည့် W-ML xxxxx နံပါတ်တပ်ဆင်ထားသည့် TOYOTA VIGO ယာဉ်ကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူအလေး ချိန် ၃၇ ဒသမ ၁ ကီလို(ယင်းဒေသ တန်ဖိုးငွေကျပ် ၅၅၆၅ သိန်း)ကို သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ဩဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သတင်းအရ သာစည်မြို့နယ် ပြည်ညောင်ကျေးရွာအုပ်စု ပြည်ညောင်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးသွား ကားလမ်းဘေးရှိ ဝိုင်းဖွဲ့ထိုင်နေသူ ကြည်လွင် (၃၉)နှစ်၊ မမေစနိုး(ခ)မငယ်(၃၅)နှစ်၊ မဆန်းမြ(ခ)ဝတုတ်(၅၆)နှစ်နှင့် ဘိုလှ(၂၅)နှစ် တို့ကို ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ (ယင်းဒေသ တန်ဖိုးငွေကျပ်သိန်း ၄၀၀)ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သတင်းစဉ်