နေပြည်တော် ဩဂုတ် ၁၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ-ထိုင်း ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး-ငြိမ်း)နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေးအတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စသည့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီစောင့်ရှောက်ရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေး၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့်ပတ်သက်၍ သတင်းမှန် သိရှိနိုင်ရေးဆိုင်ရာများ၊ မြန်မာ - ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်