နေပြည်တော် ဩဂုတ် ၁၈
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ ‘‘ ပြည်သူ့ကြားကပြည်သူ့စကား’’ အစီအစဉ်မှ “လုံးပါးပါးသွားတော့မယ့် NUG ဦးဆောင်တဲ့ မုဒိမ်းကျင့်၊ လူသတ်၊ ဆက်ကြေးကောက်တဲ့ တော်လှန်ရေး” ခေါင်းစဉ်ဖြင့် ဩဂုတ် ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
အလားတူ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ဘူးသီးတောင်မြို့နယ်အတွင်း ငှက်သေကျေးရွာအုပ်စု ထန်းရှောက်ခံကျေးရွာမှ ဒေသခံဘင်္ဂါလီရွာသား ၆၀၀ ကျော်ကို AA အကြမ်းဖက် သောင်းကျန်းသူများက လူမျိုးတုံးသတ်ဖြတ်ခဲ့မှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့နံနက် ၁၀ နာရီ မှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်