Skip to main content

ရာဇဝတ်အထူးအယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၄)မှုတို့ကို စီရင်ချက်ချမှတ်၊ တရားမအထူးအယူခံမှု (၆)မှုတို့ကို ရုံးထိုင်ကြားနာ

နေပြည်တော် သြဂုတ် ၁၈

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး များဖြစ်ကြသည့် ဦးမျိုးတင့်၊ ‌ဦးကြည်သိန်း၊ ဦးသိန်းကိုကို၊ ဒေါက်တာကိုကိုနိုင်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၃/၂၀၂၅(မန္တလေး)နှင့် တရားမအထူးအယူခံမှုအမှတ် ၄/၂၀၂၅(ရန်ကုန်)၊ ၇၆/၂၀၂၄(မန္တလေး)၊ ၁၄/၂၀၂၅ (ရန်ကုန်)၊ ၁၅/၂၀၂၅(ရှမ်း) စုစုပေါင်းရာဇဝတ်အထူးအယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၄)မှုတို့ကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၃/၂၀၂၅ (ရန်ကုန်)၊ ၁၇/၂၀၂၅(မန္တလေး)၊ ၁၈/၂၀၂၅(ပဲခူး)၊ ၁၉/၂၀၂၅(မန္တလေး)၊ ၂၀/၂၀၂၅(မွန်)၊ ၂၂/၂၀၂၅(ရှမ်း) စုစုပေါင်းတရားမအထူးအယူခံမှု(၆)မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

သတင်းစဉ်