နေပြည်တော် ဩဂုတ် ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund - UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Yasumasa Kimura အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဆရာအတတ်ပညာကဏ္ဍ၊ အခြေခံပညာကဏ္ဍနှင့် ကျောင်းပြင်ပပညာရေးကဏ္ဍ၊ အရှေ့တောင်အာရှ မူလတန်းပညာ သင်ယူတတ်မြောက်မှုတိုင်းတာစစ်ဆေးရေးစံ Southeast Asia Primary Learning Metrics (SEA- PLM) ဆောင်ရွက်နေမှု၊ အခြေခံပညာအလယ်တန်းအဆင့် Grade-9 အောင်မြင်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများ တက်ရောက်နိုင်သည့်အခြေအနေများနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် UNICEF မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်