နေပြည်တော် ဩဂုတ် ၄
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနတို့ရှိ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ ရုံးအတွင်းအပြင်နှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးဆောင်ရွက်ထားရှိမှု၊ နိုင်ငံပိုင်ရုံးလုပ်ငန်းသုံးပစ္စည်းများ စနစ်တကျသိမ်းဆည်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရေး၊ နိုင်ငံပိုင်ပစ္စည်း၊ အဆောက်အအုံများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ ဆိုက်ဘာလုံခြုံရေးသတိပြုဆောင်ရွက်ရေး၊ ရုံးအင်္ဂါရပ်နှင့် ညီညွတ်သောပတ်ဝန်းကျင်ဖြစ်စေရန် သန့်ရှင်းသပ်ရပ်မှုရှိအောင်ဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သောဘာသာရပ်များသာမက ပြင်ပဗဟုသုတ၊ ခေတ်နှင့်လျော်ညီသော နည်းပညာများကို စဉ်ဆက်မပြတ်ကြိုးစားလေ့လာရေး၊ နိုင်ငံ့အကျိုး၊ ဝန်ကြီးဌာနအကျိုး၊ ပြည်သူ့အကျိုးကိုရှေးရှု၍ ရုံးလုပ်ငန်းများစနစ်တကျ အောင်မြင်အောင် ဆောင်ရွက်ရေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်ဌာနတွင်း ရုံးလုပ်ငန်းမွမ်းမံသင်တန်းနှင့် e-Government ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်