Skip to main content

ကျိုင်းတုံမြို့နှင့် ကျိုက်မရောမြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၃

ကျိုင်းတုံမြို့နှင့် ကျိုက်မရောမြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂ ရက် ညနေ ၅ နာရီခွဲတွင် သတင်းအရ ကျိုင်းတုံမြို့ ရပ်ကွက်(၅) နောင်တုံကန်ပတ်လမ်း၌ လော်လန်း(ခ)လော်တီး မောင်းနှင်ပြီးနောက်တွင် လီဆန်လိုက်ပါလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၇၀) ဖမ်းဆီးရမိခဲ့သည်။

အလားတူ ပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီခွဲတွင် သတင်းအရ ကျိုက်မရောမြို့ အောင်သုခရပ်ကွက် နန္ဒာလှိုင်လမ်းဆုံတွင် စောဖလှအောင်(ခ)စောလှအောင် မောင်းနှင်ပြီး ဘောလုံးနှင့် မလင်းအေး(ခ)မနှင်းအောင်တို့ လိုက်ပါလာသည့် အိုးဝေယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၆၀၀) နှင့် လက်လုပ်ကာဘိုင်သေနတ် တစ်လက်၊ LC-72 ကာဘိုင်ကျည် ၂၃ တောင့်၊ ကာဘိုင်ကျည်အိမ်တစ်ခု၊ လက်ပစ်ဗုံးသုံးလုံးတို့ကို ဖမ်းဆီးရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်