Skip to main content

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက စုပေါင်းပါဝင် လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်စိုက်ထူလှူဒါန်းပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၃

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက စုပေါင်းပါဝင်လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ပျဉ်းမနားမြို့ မဟာဓမ္မိကာရာမအုန်းတောကျောင်းတိုက်၌ ပြုလုပ်ရာ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ဩဝါဒါစရိယဘဒ္ဒန္တဝိစက္ခဏ အမှူးပြုသော ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ဩဝါဒါစရိယ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြသည်။

ထို့နောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများကို ဆရာတော် အရှင်သူမြတ်များထံ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဆွမ်းပဒေသာပင် အလှူတော်ငွေများကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ပျဉ်းမနားမြို့ မဟာဓမ္မိကာ ရာမအုန်းတော ကျောင်းတိုက်ပဓာန နာယကဆရာတော် ဘဒ္ဒန္တတိဿ မထေရ်မြတ်ထံမှ သာဓုအနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘိုးဘွား ရိပ်သာများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ် လှူဒါန်းလျက်ရှိပြီး ယနေ့ လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၂၃၆ သိန်း ၈ သောင်း ၈ ထောင်ကျပ်၊ ဆန် ၁၁၇၇ အိတ် သုံးပြည်၊ ဆီ ၃၈၄ ဒသမ ၈၀ ပိဿာ၊ ဆား ၃၁၉၈ ပိဿာ၊ ပဲ ၃၁၉၈ ပိဿာ၊ တိုင်းရင်းဆေးမျိုးစုံ ၁၂၀၆ ဘူး၊ နိုင်ငံခြား ဆေးမျိုးစုံနှစ်ခြင်း၊ သွားတိုက်ဆေး/ သွားတိုက်တံခြောက်ဖာတို့ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်