နေပြည်တော် ဇူလိုင် ၃၀
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်နှင့်အတူ ငလျင်ဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာ ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းမိသားစုများ နေထိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံး အမှတ်(၅၅) ဧရိယာအတွင်းတွင် တည်ဆောက်ပြီးစီးသည့် Bashar လိုင်းခန်း ၁၆ လုံး၊ Container House နှစ်ခန်းတွဲ ၃၇ လုံးနှင့် Container Singal ၅၉ လုံးတို့တွင် ဝန်ထမ်းများ စနစ်တကျပြောင်းရွှေ့ နေရာချထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ဝန်ထမ်းများ နေထိုင်စားသောက်ရာတွင် စည်းကမ်းတကျဖြစ်ရန်လိုကြောင်း၊ လျှပ်စစ်မီးအား စနစ်တကျအသုံးပြုရန်နှင့် မိုးတွင်းကာလ လျှပ်စစ်အန္တရာယ်သတိပြု ရန်လိုကြောင်း၊ ရေသုံးစွဲရာတွင်လည်း ရေစီးရေလာကောင်းမွန်စေရန်၊ စနစ်တကျသုံးစွဲရန်နှင့် ရာသီဥတုဒဏ်ခံနိုင်သော အဆောက်အအုံများ ဖြစ်စေရေးအတွက် Container House တွင် နေထိုင်သည့်ဝန်ထမ်းများ လိုက်နာရမည့် စည်းကမ်းချက်များနှင့် Bashar တွင်နေထိုင်သည့် ဝန်ထမ်းများ လိုက်နာရမည့်စည်းကမ်းချက်ကိုလိုက်နာကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း တစ်ဦးနှင့်တစ်ဦးအခက်အခဲများအား ဖေးမကူညီကြရန် လိုအပ်ကြောင်း၊ မိသားစုစိတ်ဓာတ်ထားရှိကြရန်လိုကြောင်း နှုတ်ဆက်အားပေး စကားပြောကြား၍ လိုအပ်သည်များ မှာကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ဝန်ထမ်းများယာယီနေထိုင်ရေးအတွက် Bashar နှင့် Con-tainer House များ ဆောက်လုပ်ပေးလျက်ရှိရာ ကျန်ရှိသော Con-tainer House ၁၀၇ လုံးသည်လည်း အပြီးသတ်ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်