နေပြည်တော် ဇူလိုင် ၃၀
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund - UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Yasumasa Kimura က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယနေ့မွန်းလွဲ ၂ နာရီတွင် လာရောက်ဂါရဝပြုတွေ့ဆုံပြီး ၎င်း၏ခန့်အပ်လွှာကို ပေးအပ်သည်။
ခန့်အပ်လွှာပေးအပ်သည့်အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။
သတင်းစဉ်