အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံများသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးရာတွင် အတုအပများ မရှိစေရန်နှင့် ပိုမိုလုံခြုံမှုရှိစေရန်အတွက် OWIC ကတ်ပေါ်တွင် လုံခြုံရေး Sticker ကပ်၍ ထုတ်ပေးခြင်းကို ၁-၈-၂၀၂၅ ရက်နေ့မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန