နေပြည်တော် ဇူလိုင် ၁၁
ကလေးမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၈ ရက် ညနေ ၅ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့နယ် အေးသာယာကျေးရွာအနီးတွင် မန္တလေးမှကလေးသို့ နိုင်လင်းအောင် (ခ) မွှေးနီ မောင်းနှင်ပြီး ဇော်မျိုးနိုင် (ခ) သားငယ်လိုက်ပါလာသည့် MDY-14 8I/xxxxI ZONE အမျိုးအစား ၁၂ ဘီး ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို (၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံ) အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများကို မန္တလေးတိုင်း ဒေသကြီးမှ ကလေးသို့ သယ်ဆောင်ခိုင်းသူမှာ ပြည်ကြီးတံခွန်မြို့နယ်နေ ငြိမ်းချမ်းအောင်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်