နေပြည်တော် ဇူလိုင် ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာ အဇက်ဒင်းဘက်ကာအား ဟနွိုင်းမြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည်။
မစ္စတာအဇက်ဒင်းဘက်ကာကို ၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်တွင် မွေးဖွားခဲ့သည်။ ၎င်းသည်အယ်လ်ဂျီးရီးယားနိုင်ငံ၊ ဘတ်နာတက္ကသိုလ်မှ စီမံခန့်ခွဲမှုနှင့်စီးပွားရေးဆိုင်ရာဝိဇ္ဇာဘွဲ့၊ အင်္ဂလိပ်စာအထူးပြုဝိဇ္ဇာဘွဲ့၊ လူ့အရင်းအမြစ်စီမံခန့်ခွဲမှု မဟာဘွဲ့နှင့်တူနီးရှားနိုင်ငံ၊ တူးနစ်မြို့ရှိ အယ်လ်မာနာတက္ကသိုလ်မှ ကျွမ်းကျင်မှုစီမံကိန်းနှင့် လူ့အရင်းအမြစ် မဟာဗျူဟာစီမံခန့်ခွဲမှုဆိုင်ရာ ပါရဂူဘွဲ့ကိုရရှိခဲ့သည်။
မစ္စတာ အဇက်ဒင်းဘက်ကာသည် ဘတ်နာအကောက်ခွန် ညွှန်ကြားမှုရုံးတွင် ၁၉၉၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သည်။ ထို့နောက် ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဧပြီလအထိ နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် တူနီးရှားနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံရုံးတို့တွင် သံတမန်ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ယနေ့အထိ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
၎င်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ကာ သားသမီး သုံးဦးရှိသည်။
သတင်းစဉ်