Skip to main content

သတင်းသမားတစ်ဦး၏ ဘဝပုံရိပ်လွှာ စာအုပ်ထွက်ရှိ

ရန်ကုန် အောက်တိုဘာ ၁၉

စာရေးသူ ရဲမြင့် မြန်မာ့အလင်းအယ်ဒီတာချုပ်(ငြိမ်း) ရေးသားပြုစုသည့် “သတင်းသမားတစ်ဦး၏ ဘဝပုံရိပ်လွှာ" စာအုပ် ထွက်ရှိလာသည်။

စာအုပ်တွင် သတင်းစာလောက၌ စတင်ခြေချမိခြင်း၊ သတင်းသမားဘဝ ဖြတ်သန်းခဲ့ခြင်း ပုံရိပ်၊ သတင်းစာနှင့် ကျေးဇူးတရား ကော်လံစားသတင်းထောက်ဟူသည်၊ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနှင့် ဆရာဟံသာဝတီ ဦးဝင်းတင်စသဖြင့် မာတီကအလိုက် ရေးသားဖော်ပြထား သည်။

စာရေးသူ၏ သတင်းသမားတစ်ဦး ဖြတ်သန်းခဲ့သော ခေတ်ပြိုင်ကာလက ခေတ်စနစ်များ၊ ခေတ်ပြိုင်သမိုင်းကောက်ကြောင်း၊ မြန်မာသတင်းလောက၏ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များ ကိုပါ ဖတ်ရှုကြရမည်ဖြစ်ပြီး သတင်းမီဒီယာ လောကကို စိတ်ဝင်စားသူ ဖတ်ပရိသတ်များ၊ သုတေသီများ၊ သတင်းမီဒီယာလောက၏ မျိုးဆက်သစ်များအတွက် တ်ရှုလေ့လာသင့်သည့် စာအုပ်တစ်အုပ်ဖြစ်သည်။ ကိုလတ်စာပေ အမှတ် ၂၀၀၊ ၃၁ လမ်း(အထက်)၊ ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့ ဖုန်း-၀၉၅၀၂၈၆၈)က တန်ဖိုးငွေကျပ် ၄၀၀ ဖြင့် ဖြန့်ချိနေပြီဖြစ်သည်။

သတင်းစဉ်