Skip to main content

ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ်ထုတ်လွှင့်မည်

နေပြည်တော် ဇွန် ၁၆

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်တွေကို စာပေသင်ကြားပေးနေတဲ့ ပညာရေးဝန်ထမ်းတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်နေတဲ့ အကြမ်းဖက် PDF အဖွဲ့” ခေါင်းစဉ်ဖြင့် ဇွန် ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်သည်။

လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁  နာရီတွင် “အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယအကြိမ် ဖြေဆိုခွင့်အား ဖိအားများနဲ့ဖြတ်သန်းခဲ့ရသော ညောင်ဦးမြို့မှ ကျောင်းသား ကျောင်းသူများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ်ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီ ဖြစ်ကြောင်းနှင့် ပါဝင်လာသည့်ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်