Skip to main content

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) နှင့် ဒုတိယဥက္ကဋ္ဌ (၂) မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ မုံခွန်းဝိစစ်စတန်အား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၃၀

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာမုံခွန်းဝိစစ်စတန်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre) ဧည့်ခန်း၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ ငလျင်ဘေးပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ပြည်တွင်းပြည်ပစေတနာရှင်များမှ လှူဒါန်းထားရှိမှုများ၊ ငလျင်ဘေးပြန်လည် တည်ဆောက်ရေးလုပ်ငန်းများအတွက် နိုင်ငံတကာ၏ အကူအညီလိုအပ်မှုများ၊ အာဆီယံက ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များနှင့် အထောက်အပံ့ပေးနိုင်မှုများ၊ ငလျင်ဘေးသင့်ဒေသများသို့ ထိုင်းနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအသင်းနှင့် အ‌ရေးပေါ်ကျန်းမာရေးအဖွဲ့၏ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ခဲ့မှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းပပျောက်ရေးကိစ္စများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်‌ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်