နေပြည်တော် မေ ၂၇
မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့ လက်မှတ်ရေးထိုးခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစီအစဉ် (၂၀၂၄-၂၀၂၆) အရ "အကျိုးစီးပွားပဋိပက္ခ၊ ဝင်ငွေနှင့် အသုံးစရိတ်များ ဖွင့်ဟကြေညာခြင်းတို့နှင့် စပ်လျဉ်းသည့် အကြောင်းအရာများအပါအဝင် အဂတိလိုက်စားမှုများအား တားဆီးကာကွယ်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ စည်းမျဉ်းဥပဒေပြဋ္ဌာန်းမှုများနှင့် ဥပဒေမူကြမ်းများ စစ်ဆေးအကဲဖြတ်ခြင်း" ခေါင်းစဉ်ဖြင့် ကျွမ်းကျင်ပညာရှင်များ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ Online Format ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ ကျွမ်းကျင်ပညာရှင်များ၊ ကော်မရှင်မှ တာဝန်ရှိသူများနှင့် အရာထမ်းများ တက်ရောက်ကြသည်။
ဦးစွာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းက အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် ပိုမိုထိရောက်စွာ ပူးပေါင်းပါဝင်လက်တွဲဖော်ဆောင်သွားရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ Department of Supervision over Compliance with Anti-Corruption Laws ၏ ဒုတိယအကြီးအကဲဖြစ်သူ YUSUFOV Aslan Shikhzdayevich က Moderator ပြုလုပ်ပြီး Senior Prosecutor, VENETSKIY Mikhail Mikhailovich က “အစိုးရအရာရှိများ၏ အသုံးစရိတ်များသည် ၎င်းတို့၏ ဝင်ငွေနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနယ်ပယ်တွင် အစိုးရရှေ့နေများက ၎င်းတို့၏ အခွင့်အာဏာများကို ကျင့်သုံးခြင်း အလေ့အထများ” နှင့်စပ်လျဉ်း၍လည်းကောင်း၊ Senior Prosecutor, ILYIN Aleksandr Andreyevich က "အကျိုးစီးပွားပဋိပက္ခများတားဆီးကာကွယ်ခြင်းနှင့် ဖြေရှင်းခြင်းနယ်ပယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများ အကောင်အထည်ဖော်မှုအပေါ် အစိုးရရှေ့နေများ၏ ကြီးကြပ်ကွပ်ကဲမှု အလေ့အကျင့်” နှင့်စပ်လျဉ်း၍လည်းကောင်း၊ Senior Prosecutor TARASOVA Diana Mikhailovna no "o ဥပဒေနှင့် ဥပဒေမူကြမ်းများတွင် အဂတိလိုက်စားမှုအန္တရာယ်များကို ဖော်ထုတ်မှုအလေ့အကျင့်” နှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါ်ခင်ဖြူပွင့်က “အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းခဲ့မှုများနှင့် စိစစ်ပြင်ဆင်ခဲ့မှုများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က “ဝင်ငွေရလမ်းနှင့် ပိုင်ဆိုင်မှုဖွင့်ဟကြေညာခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက “အဂတိလိုက်စားမှုအန္တရာယ်ရှိမှုများအား ဆန်းစစ်လေ့လာခြင်း" ခေါင်းစဉ်နှင့်လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်