နေပြည်တော် မေ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (MNTT) တို့ ပူးပေါင်း၍ “ငလျင်ဘေးအလွန်မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲကို မေ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားကျင်းပပုံများကို မေ ၃၀ ရက် နံနက် ၈ နာရီ မိနစ် ၂၀ မှ စတင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်သံလိုင်းများဖြစ်သော MRTV-HD ၊ MRTV News ၊ MRTV Parliament ၊ MRTV NRC ၊ MRTV Sports ၊ MRTV Farmers’၊ MITV နှင့် မိတ်ဖက်ရုပ်သံလိုင်းများဖြစ်ကြသော MWD-HD Channel ၊ MWD Variety – HD Channel တို့မှလည်းကောင်း၊ မြန်မာ့အသံရေဒီယိုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် FM များ ဖြစ်ကြသော ပတ္တမြား FM ၊ ချယ်ရီ FM ၊ FM ပုဂံ၊ မန္တလေး FM ၊ ပဉ္စဝတီ FM နှင့် ရွှေ FM တို့အပြင် မိတ်ဖက် FM ဖြစ်သည့် Star FM နှင့် သဇင် FM တို့မှလည်းကောင်း၊ MOI Website, Myanmar Narrative Facebook Page နှင့် Telegram ၊ MRTV Website, MRTV App နှင့် Social Media Platform တို့မှလည်းကောင်း တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ထို့ပြင် ဖွင့်ပွဲအခမ်းအနားပြီးနောက် ခေါင်းစဉ်များအလိုက် သုံးသပ်ဆွေးနွေးပွဲများ ကျင်းပမှုကို MRTV Parliament Channel မှ တိုက်ရိုက် (Live)ပြသမှုနှင့်အတူ MOI Website ၊ Myanmar Narrative Facebook Page နှင့် Telegram ၊ MRTV App ၊ MRTV Telegram ၊ Myanma TV Youtube Channel နှင့် MRTV Facebook တို့မှလည်း Live Streaming ဆက်လက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်