ရန်ကုန် မေ ၁၂
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Bangladesh Pharmaceutical Society in Myanmar မှ ဆေးဝါးများ လှူဒါန်းပွဲကို ယနေ့တွင် အသင်းရန်ကုန်ရုံးခွဲ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Dr. Md Monwar Hossain က Bangladesh Pharmaceutical Society in Myanmar မှ လှူဒါန်းသော ငွေကျပ် ၁၅၀၀၀၀၀၀ တန်ဖိုးရှိဆေးဝါးများကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်က လက်ခံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်