Skip to main content

ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် မြန်မာ - တရုတ်(ကျန်းစု) ကုန်သည်များအသင်း (MYANMAR-CHINA (JIANGSU) CHAMBER OF COMMERCE) တို့က ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများအား လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော် မေ ၉

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် MYANMAR-CHINA (JIANGSU) CHAMBER OF COMMERCE တို့က ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် လျှပ်စစ်ရေနွေးအိုး၊ လေအေးပေးပန်ကာ၊ ဆိုလာမီးလုံး၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်စသည့် လူသုံးကုန်ပစ္စည်းအမျိုးအစားရှစ်မျိုးကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံး အမှတ် (၁) သို့ လာရောက်လှူဒါန်းသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသော လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်းခြင်းအတွက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးနှင့် MYANMAR-CHINA (JIANGSU) CHAMBER OF COMMERCE တို့ကို ကျေးဇူး တင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လာရောက်လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းက ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် အလှူငွေများ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်