Skip to main content

၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်းစားအုန်းဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်း

နေပြည်တော် မတ် ၁၂

ပြည်တွင်းစားအုန်းဆီ ရည်ညွှန်းဈေးနှုန်းများသည် ဇန်နဝါရီ ၁ ရက်တွင် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇၂၈၀ ဖြစ်ခဲ့ပြီး ယနေ့တွင် ငွေကျပ် ၆၈၉၀ ဖြစ်သောကြောင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းမှ ယခုအချိန်ထိ ငွေကျပ် ၃၉၀ ကျဆင်းလာကြောင်း တွေ့ရသည်။

ပြည်တွင်းစားအုန်းဆီဈေးနှုန်းများကို ပြည်ပစားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် အပတ်စဉ်ဖြစ်ပေါ်နေသော ဈေးနှုန်းများနှင့် ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းများအပေါ် မူတည်၍ စားအုန်းဆီအခြေခံရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်