ပြင်ဦးလွင် ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာဆုတောင်း ပြည့်ဘုရားကြီး၊ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ နှစ် (၁၀၀) ပြည့် (၁၇) ကြိမ်မြောက် ပန်းပွဲတော်၊ ပိတ်ချင်းမြောင်လိုဏ်ဂူတော်၊ ပွဲကောက်ရေတံခွန်၊ တရုတ်ဘုံကျောင်း၊ နှီးဘုရား၊ ဓာတ်တော်ချိုင့်ရေတံခွန်များသို့ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများသည် နိုင်ငံတကာနှစ်သစ်ကူးအကြိုနေ့ အားလပ်ရက်အတွင်း လာရောက်လည်ပတ်လျက်ရှိကြသည်။
ခရီးသွားပြည်သူများသည် ပြင်ဦးလွင်မြို့ရှိ တန်ခိုးကြီးဘုရားဖြစ်သည့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးအား ဦးစွာဖူးမြော်ကာ နှစ်သစ်အတွက် မိမိတို့၏ ကောင်းမွန်သော အလှူဒါနနှင့်အတူ လိုရာဆုတောင်းပြီး သမိုင်းဝင်ပိတ်ချင်းမြောင်လိုဏ်ဂူတော်အတွင်းရှိ ဘုရားအားရှိခိုးပူဇော်ကန်တော့၍ ရှားပါးဆေးဝါးများကို ဝယ်ယူကြကာ သဘာဝရေစီးဆင်းလျက်ရှိသော ပွဲကောက်ရေတံခွန်သို့ ရေကစားအပန်းဖြေခြင်း၊ SKY CABLE CAR စီးနင်းခြင်းနှင့် 5D LED မှန်တံတားပေါ်ဖြတ်သန်းခြင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) ၏ နှစ် (၁၀၀) ပြည့် (၁၇) ကြိမ်မြောက် ပန်းပွဲတော်အား ယခင်နှစ်များနှင့် မတူအောင်ပန်းအလှဆင် နည်းပညာများ၊ ပန်းစိုက်ပျိုးနည်းပညာများ၊ ပန်းမျိုးများအကြောင်းကို လေ့လာရင်း မိသားစုနှင့်အတူ လက်ဆုံထမင်းစားပြီး တစ်နှစ်တာရဲ့ ပင်ပန်း နွမ်းနယ်မှုများကို အပန်းဖြေလျက် နှစ်သစ်ကိုကြိုဆိုကြသည်။
လာရောက်လည်ပတ်
ယခုလို နိုင်ငံတကာ နှစ်သစ်ကူးအကြိုနေ့အပါအဝင် ရုံးပိတ်ရက်များတွင် မိသားစုနှင့်အတူ မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သည့် ပြင်ဦးလွင်မြို့ (ပန်းမြို့တော်) ရှိ တန်ခိုးကြီးဘုရားနှင့် အပန်းဖြေဥယျာဉ်အတွင်းသို့ လာရောက်လည်ပတ်ရသည့်အတွက် လည်ပတ်သူတို့စိတ်ကို လန်းဆန်းစေခြင်း၊ နှစ်သစ်အတွက် အားမာန်အပြည့်ရှိခြင်း၊ ဒေသထွက်ပစ္စည်းများကို ဝယ်ယူရရှိခြင်း၊ ရှားပါးဆေးဝါးများကို အလွယ်တကူ ဝယ်ယူရရှိသဖြင့် အလွန်ပင်ဝမ်းသာပီတိ ဖြစ်ရပါကြောင်း ခရီးသွား ပြည်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)