Skip to main content

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

နေပြည်တော် ဒီဇင်ဘာ ၁၁

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ အမျိုးသားကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဇင်မင်းခန့်က ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဘိုဘိုရှိုင်းက ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးမှ ထက်လင်းဦးက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မကွေးတိုင်းဒေသကြီးမှသဲအိထွေးက ပထမ၊ မကွေးတိုင်းဒေသကြီးမှဝင်းအိဖြိုးက ဒုတိယ၊ ချင်းပြည်နယ်မှ ထန်ဒိမ့်ခိုင်က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

အမျိုးသား မီတာ ၁၀၀၀၀ အပြေး ပြိုင်ပွဲဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်မှ ကျော်မင်းအောင်က ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ မြတ်ဝင်းလှိုင်က ဒုတိယ၊ ကချင်ပြည်နယ်မှ ဂျိုဆာစီက တတိယဆု ကိုလည်းကောင်း၊ အမျိုးသမီးမီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ အိအိဝိုင်းက ပထမ၊ ပဲခူးတိုင်းဒေသကြီးမှ မေမြတ်နိုးဇင်က ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးမှ မေမြတ်နိုးခင်က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

အမျိုးသားသုံးဆင့်ခုန် ဗိုလ်လုပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ လှမျိုးနိုင်က ပထမ၊ ကချင်ပြည်နယ်မှ နေဇော်လင်းက ဒုတိယ၊ ရှမ်းပြည်နယ်မှ ဟိန်းထက်အောင်က တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးသုံးဆင့်ခုန် ဗိုလ်လုပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှအိအိဖြိုးက ပထမ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ အေးအေးမိုးက ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည့်ဖြိုးမေက တတိယဆု ကိုလည်းကောင်း ရရှိခဲ့ကြသည်။

အမျိုးသား မီတာ ၄၀၀ တန်းကျော် ပြိုင်ပွဲဗိုလ်လုပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ မျိုးမင်းထွန်းက ပထမ၊ မန္တလေးတိုင်းဒေသကြီးမှ နန္ဒကျော်က ဒုတိယ၊ တနင်္သာရီတိုင်းဒေသကြီးမှ ရင်ဟုန်စိုးက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးမီတာ ၄၀၀ တန်းကျော်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်မှ အေးသော်တာခိုင်က ပထမ၊ ပဲခူးတိုင်းဒေသကြီးမှ နှင်းပွင့်လှိုင်က ဒုတိယ၊ တနင်္သာရီတိုင်းဒေသကြီးမှ ညိုညိုဌေးက တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ လက်ထောက်နည်းပြအဆင့် အမျိုးသားဓားနှစ်လက် စွမ်းရည်ပြပြိုင်ပွဲ တွင် မကွေးတိုင်းဒေသကြီးက ပထမ၊ ရှမ်းပြည်နယ်က ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးက တတိယဆုကိုလည်းကောင်း၊ လက်ထောက်နည်းပြအဆင့် အမျိုးသား တစ်ကိုယ်တော် တုတ်ရှည်စွမ်းရည်ပြ ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ အောင်ခန့်ပိုင်က ပထမ၊ မွန်ပြည်နယ်မှ ကောင်းမြတ်စံက ဒုတိယ၊ ရှမ်းပြည်နယ်မှခန့်စည်သူက တတိယဆုကိုလည်းကောင်း၊ လက်ထောက်နည်းပြအဆင့် အမျိုးသားတစ်ကိုယ်တော် ဓားနှစ်လက်ပြ စွမ်းရည်ပြပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ ကျော်ဝင်းလှိုင်က ပထမ၊ ရှမ်းပြည်နယ်မှ ခန့်စည်သူက ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးမှ အောင်ခန့်ပိုင်က တတိယဆုကိုလည်းကောင်း၊ အမျိုးသားတုတ်ရှည်စွမ်းရည်ပြပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးက ပထမ၊ မွန်ပြည်နယ်က ဒုတိယ၊ ရှမ်းပြည်နယ်ကတတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

အတွဲလိုက်စွမ်းရည်ပြပြိုင်ပွဲ (မ-၁/ကျား-၂) လက်နက်မဲ့/ ဓားမြှောင်/ ဓားရှည်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးက ပထမ၊ ရှမ်းပြည်နယ်က ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးက တတိယဆုကို လည်းကောင်း၊ (မ-၁/ကျား-၃) လက်နက်မဲ့/ ဓားမြှောင် / ဓားရှည်/ တုတ်ရှည် အတွဲလိုက် စွမ်းရည်ပြပြိုင်ပွဲတွင် ကချင် ပြည်နယ်က ပထမ၊ ဧရာဝတီတိုင်းဒေသ ကြီးက ဒုတိယ၊ ရှမ်းပြည်နယ်က တတိယဆုကိုလည်းကောင်း၊ အမျိုးသား-အမျိုး သမီး လက်နက်မဲ့/ ဓားမြှောင် စွမ်းရည်ပြ ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ သီဟဇော်နှင့် စန္ဒာထွန်းတို့က ပထမ၊ ပြည်ထောင်စုနယ်မြေနေပြည်တော်မှ မျိုးမင်းသော်နှင့် လှိုင်သီတာမိုးတို့က ဒုတိယ၊ ရှမ်းပြည်နယ်မှ စိုင်းနောင်နှင့် နန်းဆိုင်လောင်တို့က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၀)နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ကျင်းပရာ အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို ၃ ပွဲပြတ် ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတိုက်ကွမ်ဒိုရုံ၌ ကျင်းပ ရာ အမျိုးသားတစ်ဦးချင်း ကကွက်ပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးမှ ဖြိုးဟန်ကျော်က ပထမ၊ မွန်ပြည်နယ်မှသန့်စင်သူက ဒုတိယ၊ ရှမ်းပြည်နယ်မှ ဟိန်းယံထွန်းနှင့် ကရင်ပြည်နယ်မှ မြင့်မြတ်ရွှေတို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း ကကွက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဝင်းသင်္ဂီထွန်းက ပထမ၊ ပဲခူးတိုင်းဒေသကြီးမှ သက်ထားသူဇာက ဒုတိယ ၊ ရှမ်းပြည်နယ်မှ နော်ဧပြီဖောနှင့် ချင်းပြည်နယ်မှ ဖြူစင်သူတို့က ပူးတွဲတတိယဆုကို လည်းကောင်း၊ အမျိုးသားအမျိုးသမီးအတွဲ Pair ကကွက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ စိုင်းနေဇင်ထွန်းနှင့် လင်းလဲ့ကြယ်ဖြူက ပထမ၊ မွန်ပြည်နယ်မှသန့်စင်သူနှင့် ကြယ်စင်သော်က ဒုတိယ၊ ရှမ်းပြည်နယ်မှ ဟိန်းယံထွန်းနှင့် နော်ဧပြီဖော၊ မန္တလေးတိုင်းဒေသကြီးမှ စောလုကာကျော်နှင့် မေရတနာအောင် တို့က ပူးတွဲတတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

အမျိုးသားအသင်းလိုက် ကကွက် ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဇော်ဒန်အောင်နှင့်အဖွဲ့က ပထမ၊ ပဲခူးတိုင်းဒေသကြီးမှ ဇင်မြတ်ထွန်းနှင့်အဖွဲ့က ဒုတိယ၊ မွန်ပြည်နယ်မှ သန့်စင်သူနှင့်အဖွဲ့၊ ကရင်ပြည်နယ်မှ ထင်အောင်လင်းနှင့်အဖွဲ့တို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ကကွက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ထူးသဉ္ဇာအောင်နှင့်အဖွဲ့က ပထမ၊ ကယားပြည်နယ်မှ ရွှေလင်းခိုင်နှင့်အဖွဲ့က ဒုတိယ၊ ရှမ်းပြည်နယ်မှ နော်ဧပြီဖောနှင့်အဖွဲ့၊ ပဲခူးတိုင်းဒေသကြီးမှ သက်ထားသူဇာနှင့်အဖွဲ့တို့က ပူးတွဲတတိယဆု ကိုလည်းကောင်း ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒို ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံ၌ ကျင်းပရာ အမျိုးသား Kata ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဒုတိယ၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့က ပူးတွဲတတိယဖြင့်လည်း ကောင်း၊ အမျိုးသမီး Kata ပြိုင်ပွဲတွင် ကချင်ပြည်နယ်က ပထမ၊ မွန်ပြည်နယ်က ဒုတိယ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ရခိုင်ပြည်နယ်တို့က ပူးတွဲတတိယဖြင့်လည်းကောင်း၊ အမျိုးသား ၅၅ ကီလိုတန်းအောက်ပြိုင်ပွဲတွင် ကချင် ပြည်နယ်မှ ကျော်ဇောအောင်က ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ သီဟသော် က ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ မျိုးဇော်ထက်နှင့် ကရင်ပြည်နယ်မှ ထက်ကိုဝင်းတို့က ပူးတွဲတတိယဖြင့် လည်းကောင်း၊ အမျိုးသား ၆၀ ကီလို တန်းအောက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးမှ နိုင်ဌေးက ပထမ၊ ကချင်ပြည်နယ်မှ မိုးကျော်ကျော်က ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ ဝေလင်းထွေးနှင့် ကရင်ပြည်နယ်မှ အောင်ဆက်ပိုင်တို့က ပူးတွဲတတိယဖြင့်လည်းကောင်း၊ အမျိုးသား ၆၆ ကီလိုတန်းအောက် ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ လှိုင်မင်းခန့်က ပထမ ၊ ကရင်ပြည်နယ်မှ စောမြသံစဉ်က ဒုတိယ၊ ရခိုင်ပြည်နယ်မှ ဟိန်းထက် ဇော်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ သန့်ဇော်ဦးတို့က ပူးတွဲတတိယဖြင့်လည်းကောင်း၊ အမျိုးသား ၇၃ ကီလိုတန်း အောက်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ သန့်ဇင်ဝင်းအောင်က ပထမ၊ ဧရာဝတီတိုင်းဒေသကြီးမှ အောင်သန်းကျော်က ဒုတိယ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ လင်းထက်ဦးနှင့် ကချင်ပြည်နယ်မှ လဦးတိုက်ခေါ်တို့က ပူးတွဲ တတိယဆုကိုလည်းကောင်း ရရှိခဲ့ ကြသည်။

အမျိုးသမီး ၄၅ ကီလိုတန်းအောက် ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ဆောင်ယုံက ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ခိုင်စပယ်က ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးမှ လှသူဇာနှင့် မန္တလေးတိုင်းဒေသကြီးမှ နီမာထွန်းတို့က ပူးတွဲတတိယဖြင့်လည်းကောင်း၊ အမျိုးသမီး ၄၈ ကီလိုတန်း အောက်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ အိအိသဇင်ဇော်က ပထမ၊ ဧရာဝတီတိုင်း ဒေသကြီးမှ နှင်းဝတ်မှုံလွင်က ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးမှ ယမင်းသူဇာလှိုင်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ပုံ့ပုံ့စိုး တို့က ပူးတွဲတတိယဖြင့်လည်းကောင်း၊

အမျိုးသမီး ၅၂ ကီလိုတန်းအောက် ပြိုင်ပွဲ တွင် ဧရာဝတီတိုင်းဒေသကြီးမှ နန့်ဖြိုးသီရိဟန်က ပထမ၊ မွန်ပြည်နယ်မှ နော်မြတ်နိုးရွှေစင်က ဒုတိယ၊ ချင်းပြည်နယ်မှ စန္ဒာဝင်းနှင့် ကချင်ပြည်နယ်မှ မေဇင်ဖြိုးတို့က ပူးတွဲတတိယဖြင့်လည်းကောင်း၊ အမျိုးသမီး ၅၇ ကီလိုတန်း အောက်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ငွေပုံချစ်က ပထမ၊ ကချင်ပြည်နယ် မှ ပြည့်စုံအောင်က ဒုတိယ၊ မန္တလေးတိုင်း ဒေသကြီးမှငုချယ်ဦးနှင့် ရှမ်းပြည်နယ်မှ စံပယ်နှင်းတို့က ပူးတွဲတတိယဆုကို လည်းကောင်း ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လက်ဝှေ့ရုံ၌ကျင်းပရာ အမျိုးသား ၅၄ ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဇော်ဇော်နိုင်က တနင်္သာရီတိုင်းဒေသကြီးမှ အာကာဖြိုးကို လည်းကောင်း၊ ရှမ်းပြည်နယ်မှရှိုင်းငယ်က ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဝင်းထိုက်ကိုလည်းကောင်း၊ အမျိုးသား ၆၃ ဒသမ ၅ ကီလိုတန်း ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ နုတ်မာရ်က ပဲခူးတိုင်းဒေသကြီးမှ ဘုန်းမြင့်မောင် ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ စိုင်းနောင်က စစ်ကိုင်းတိုင်းဒေသကြီးမှ ကျော်မျိုးဟန်ကိုလည်းကောင်း၊ အမျိုးသား ၇၁ ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ အောင်မြင့်ထွန်းက ပဲခူးတိုင်းဒေသကြီးမှ ဇင်မင်းကို ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အောင်ဇင်ထိုက်က ကရင်ပြည်နယ်မှ စောငွေမိုးကို လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီး ၅၀ ကီလိုတန်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ အေးအေးမူက စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည့်စုံဝင်းကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ မြမိုးသူက ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ အိမ့်မြတ်သော်ကိုလည်း ကောင်း၊ အမျိုးသမီး ၅၂ ကီလိုတန်း ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ သက်ထားဗိုလ်က ရှမ်းပြည်နယ်မှ ထက်ထက်အောင် ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီးမှသင်းသင်းခိုင်က တနင်္သာရီတိုင်းဒေသကြီးမှ အေးအေးပြည့်ကိုလည်းကောင်း၊ အမျိုးသမီး ၅၄ ကီလိုတန်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှထားထားနွယ်က ရှမ်းပြည်နယ်မှ မိုးပြည့်ပြည့်လွင်ကို လည်းကောင်း၊ ကရင်ပြည်နယ်မှ နန်းသန္တာသိမ့်က ရန်ကုန်တိုင်းဒေသကြီးမှ လင်းလက်နေခြည်ကို လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲအုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၃)/(၄)တို့တွင် ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ဂိုး - ဂိုးမရှိ၊ ရှမ်းပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို လေးဂိုး - ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဘောဂဝတီ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပရာ အမျိုးသားဖူဆယ်ပြိုင်ပွဲ တတိယလုပွဲတွင် တနင်္သာရီ တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို သုံးဂိုး- ဂိုးမရှိ၊ ဗိုလ်လုပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ငါးဂိုး- လေးဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်အသင်းက ပထမ၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ဒုတိယ၊ တနင်္သာရီတိုင်းဒေသကြီးက တတိယဆုကိုရရှိခဲ့ကြသည်။

အမျိုးသမီးဖူဆယ်ပြိုင်ပွဲ တတိယ လုပွဲပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အသင်းက စစ်ကိုင်တိုင်းဒေသကြီးအသင်း ကို ခုနစ်ဂိုး - လေးဂိုး၊ ဗိုလ်လုပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ခြောက်ဂိုး - နှစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအသင်းက ပထမ၊ ကချင်ပြည်နယ်အသင်းက ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီး အသင်းကတတိယဆုတို့ကို ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲ ပြတ်၊ ရှမ်းပြည်နယ်အသင်းက ရခိုင် ပြည်နယ်အသင်းကို ၂ ပွဲ - ၁ ပွဲ၊ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်း ဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကတနင်္သာရီတိုင်း ဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ မွန် ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၂ ပွဲ - ၁ ပွဲ၊ ကယားပြည်နယ်အသင်းက ချင်းပြည်နယ် အသင်းကို ၂ ပွဲ - ၁ ပွဲ၊ ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲ - ၁ ပွဲ၊ ရခိုင်ပြည်နယ် အသင်းက မကွေးတိုင်းဒေသကြီးအသင်း ကို ၂ ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်း ကို ၂ ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၂ ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၂ ပွဲ - ၁ ပွဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ ကရင်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ ရခိုင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၂ ပွဲ - ၁ ပွဲ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ မွန်ပြည်နယ် အသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို ၂ ပွဲပြတ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ပြည်ထောင်စု နယ်မြေ နေပြည်တော်အသင်းကို ၂ ပွဲ ပြတ်၊ ကယားပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်ဖြင့် လည်ကောင်း အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘော်လီဘောရုံ၌ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာနအသင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်း ကို ၃ ပွဲ - ၁ ပွဲ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းက နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းကို ၃ပွဲ - ၁ ပွဲ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ ပြည်ထဲ ရေးဝန်ကြီးဌာနအသင်းက ပညာရေး ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အသင်းကို ၃ ပွဲပြတ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအသင်းကို ၃ ပွဲ - ၂ ပွဲ ပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီးဘော်လီဘောပြိုင်ပွဲ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ၃ ပွဲ ပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စု ပွဲစဉ်များကို ပေါင်းလောင်းအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့်လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင် ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာန အသင်းနှင့်ပြည်ထဲရေးဝန်ကြီးဌာန အသင်း တို့က တစ်ဖက် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို ၂ ဂိုး- ၁ ဂိုး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို ၄ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ရုံ၌ကျင်းပရာ အလုပ်သမား ဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို ၄ ဂိုး - ၁ ဂိုး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနအသင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အသင်းတို့က တစ်ဖက် ၁ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ပညာရေးဝန်ကြီး ဌာနအသင်းက နိုင်ငံခြားရေးဝန်ကြီးဌာန အသင်းကို ၄ ဂိုး - ဂိုးမရှိ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို ၄ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ ဂေါက်သီးရိုက်ပွဲကို မြို့တော်ဂေါက်ကွင်း၌ကျင်းပရာ တစ်ဦးချင်းပြိုင်ပွဲ(အကျောပေး) ပြိုင်ပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းမှ မျိုးလွင်ဦးက ပထမ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းမှ ကျော်နိုင်ဦးက ဒုတိယ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အသင်းမှဟိန်းဇေယျက တတိယဆုကို လည်းကောင်း၊ တစ်ဦးချင်းပြိုင်ပွဲ (အကျောမဲ့) ပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ သက်ထွဋ်ဦးက ပထမ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ချမ်းငြိမ်းက ဒုတိယ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ရန်နိုင်အေးက တတိယဆုကိုလည်းကောင်း၊ အသင်းလိုက် အကျောပေးပြိုင်ပွဲတွင် ကာကွယ်ရေး ဝန်ကြီးဌာနက ပထမ၊ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တတိယ၊ အသင်းလိုက်အကျောမဲ့ပြိုင်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပထမ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဒုတိယ၊ အလုပ်သမားဝန်ကြီးဌာနက တတိယဆုကိုလည်းကောင်း၊ Hole in One Prize ဆုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ မျိုးလွင်ဦးက ကျင်းအမှတ် (၁၂) တွင် ရရှိခဲ့ကြသည်။

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင် ပြည်သူများစိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။         

သတင်းစဉ်