Skip to main content

တိုင်းစစ်ဌာနချုပ်အသီးသီး၌ ၂၀၂၄ ခုနှစ် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော် ဇွန် ၁၀

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တို့၏ ၂၀၂၄ ခုနှစ် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲဖွင့်ပွဲများကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ အားကစားကွင်းများ၌ ပြုလုပ်ရာသက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားများ ပြောကြားကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ပွဲစဉ်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ကိုးသင်းစီဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်