နေပြည်တော် ဇွန် ၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ယနေ့တွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ယနေ့တွင် နည်းပညာတက္ကသိုလ် ၃၅ ကျောင်း၊ ကွန်ပျူတာ တက္ကသိုလ် ၂၆ ကျောင်း၊ အစိုးရနည်းပညာကောလိပ်လေးကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ ၃၁ ကျောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများ တစ်ပြိုင်တည်းစတင်ဖွင့်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်