Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၁

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်၍ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (International Organization for Migration- IOM) ၏ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

ဆွေးနွေး

တွေ့ဆုံစဉ် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများအတွက် အကျိုးစီးပွား မြှင့်တင်ကာကွယ်ပေးရန် ဝန်ဆောင်မှုများထောက်ပံ့ပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ရန်စီစဉ်မှုများ၊ ဂုဏ်သိက္ခာရှိသော နိုင်ငံတကာလုပ်သားစုဆောင်းသည့်စနစ် (International Recruitment Integrity System - IRIS) နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများကို ၁၇ ကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီး တက်ရောက်ခဲ့သည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ ၅၂၂ ခုကို အသိပညာပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့်ပတ်သက်၍ ကူညီစောင့်ရှောက်ပေးနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်