Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်၊ စက်တင်ဘာ ၃

နေပြည်တော်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်(၉)နာရီခွဲတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရ မှုများပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် အဖွဲ့ဝင်များတက် ရောက်ကြသည်။

အစည်းအဝေးတွင် နေပြည်တော်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် က အဖွင့် အမှာစကားပြောကြားသည်။

ထို့နောက် နေပြည်တော်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရ မှုများပြန်လည် စိစစ်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် က လုပ်ငန်းများစိစစ် ဆောင်ရွက်ချက်များနှင့်စပ်လျဉ်၍ ဆွေးနွေးတင်ပြသည်။

ထို့နောက် နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီတွဲဖက် အတွင်းရေးမှူး ဦးဇော်မိုးအောင် က သိမ်းဆည်းလယ်ယာမြေများနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်သွားရမည့် လုပ်ငန်းအခြေ အနေများကိုရှင်းလင်း ဆွေးနွေးတင်ပြခြင်းနှင့် တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက်ဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့် နေပြည်တော်ကောင်စီဝင်တို့က ဆွေးနွေးမှုများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)