Skip to main content

FAO ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ (၃၅) ကြိမ်မြောက် ဒေသတွင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၃

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) အာရှ-ပစိဖိတ်ဒေသဆိုင်ရာ (၃၅) ကြိမ်မြောက် ဒေသတွင်း အစည်း အဝေးကို FAO Regional Office က ကြီးမှူး၍ ဘူတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ပြီး Virtual Mode ဖြင့် စက်တင်ဘာ() ရက်မှ () ရက် အထိ ()ရက်ကြာ ကျင်းပသွားမည်ဖြစ်ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်နှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ခင်မာဦးတို့ ပါဝင်တက်ရောက်ကြကာ စီမံကိန်းဦးစီးဌာန အရာထမ်း၊ အမှုထမ်း (၁၂)ဦးတို့က လေ့လာသူများအဖြစ် ပါဝင်တက်ရောက်ခဲ့ကြသည်။

ဒေသတွင်းအစည်းအဝေးတွင် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOM)ကို စက်တင်ဘာ()ရက်နှင့် (၂)ရက်များ တွင်လည်းကောင်း၊ ဝန်ကြီးများ အဆင့်အစည်းအဝေး (Ministerial Meeting) ကို စက်တင်ဘာ()ရက်နှင့် (၄)ရက်များ တွင် လည်းကောင်း အပိုင်း ()ပိုင်းဖြင့် ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေး သို့ ဒေသတွင်းအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ် (၃၅၃)ဦးတို့ တက်ရောက်ကြသည်။

 အစည်းအဝေးပထမရက်တွင် သဘာပတိ၊ ဒုတိယသဘာပတိနှင့် Rapporteur  တို့ကို ရွေးချယ်ခြင်း၊ အစည်းအဝေး အစီအစဉ်များကို အတည်ပြုခြင်း၊ အစည်းအဝေးအစီအစဉ်ပါ အကြောင်းအရာခေါင်းစဉ်များအလိုက် ဆွေးနွေးကြခြင်း များကို ဆောင်ရွက်ခဲ့ကြသည်။

Virtual Mode ဖြင့် () ရက်ကြာကျင်းပသည့် အဆိုပါအစည်းအဝေး၏ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးတွင် ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ဒေသတွင်းနိုင်ငံများ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှု နှင့် FAO တုံ့ပြန် ဆောင်ရွက် ပေးမှုများအပေါ် အဖွဲ့ဝင်နိုင်ငံများက ဆွေးနွေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ ရေစီမံခန့်ခွဲမှု အတွက် ဒေသတွင်းဦးစားပေးအစီအစဉ်များချမှတ်ခြင်း၊ ပစိဖိတ်ဒေသတွင်း စားနပ်ရိက္ခာနှင့် အာဟာရ ပြည့်ဝရေး သေချာ စေရန် လုပ်ကွက်ငယ် ရေလုပ်သားများအတွက် ပြန်လည်ထူထောင်ရေး အစီအစဉ်များ ချမှတ်ရေး၊ အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံများအတွက် ဘေးဒဏ်ခံနိုင်ပြီး ရေရှည်တည်တံ့သည့် စားနပ်ရိက္ခာစနစ်ထူထောင်ခြင်း ဆိုင်ရာနှင့် Multi-year Program me of Work (MYPOW) (2020-2023) ရေးဆွဲရေး၊ FAO (၂၀၁၈-၂၀၁၉) ခုနှစ်အတွင်း ဆောင်ရွက် နိုင်ခဲ့သည့် ရလဒ်များ၊ FAO New Strategic Framework နှင့် (၂၀၂၀-၂၀၂၁) ခုနှစ်အတွင်း ဒေသတွင်း ကနဦး အကောင်အထည်ဖော် ဆောင်ရွက်မှုများအတွက် ပြန်လည်စိစစ်သုံးသပ် ရေးဆွဲခြင်းကိစ္စရပ်များ၊ ဗဟိုအဆင့်မှ ဒေသတွင်းနိုင်ငံများ၏ လိုအပ်ချက်များအရ ချဉ်းကပ် ဆောင်ရွက်မည့်စနစ်သို့ ကျင့်သုံးမည့် Decentralized Offices Business Model အပေါ် ပြန်လည်စိစစ်သုံးသပ်ခြင်းကိစ္စရပ်များ၊ နောက်တစ်ကြိမ်ကျင်းပမည့် FAO (၃၆) ကြိမ်မြောက် ဒေသတွင်းအစည်းအဝေးရက်နှင့် ကျင်းပမည့် နေ့ရက်ရွေးချယ်အတည်ပြုခြင်းတို့ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။

စက်တင်ဘာ  ရက်မှ  ရက်အထိ ကျင်းပမည့် ဝန်ကြီးများအဆင့် အစည်း အဝေးသို့ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ ဆက်လက်တက်ရောက်သွားမည်ဖြစ် ပြီး ယင်းအစည်းအဝေးတွင် ဒေသတွင်း နိုင်ငံများ၏ ကိုယ်စားလှယ်များက SOM Meeting Report ကို အတည်ပြုခြင်း၊ သဘာပတိ၊ ဒုတိယသဘာပတိနှင့် Rapporteur  တို့ကို ရွေးချယ် ခြင်း၊ FAO ညွှန်ကြားရေးမှူးချုပ်၊ FAO Council Independent Chairperson World Food Security ဆိုင်ရာ Committee Chairperson CSO နှင့် Private Sector တို့က ပုဂ္ဂိုလ်များ၊ ဒေသတွင်းနိုင်ငံများ Head of Delegation များက Statement များ ဖတ်ကြား ခြင်း၊ SDGs ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် တီထွင် ဆန်းသစ်မှုနှင့် နည်းပညာအသုံးပြုမှု အရှိန်မြှင့်တင်ရေးအတွက် အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ညီညီသန်း(နေပြည်တော်)