Skip to main content

တိုင်းပြည်အနာဂတ်အတွက် ဝိုင်းဝန်းကြိုးပမ်း

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များ ပေါများရေးကို ကြိုးပမ်းဆောင်ရွက်နေကြသည်။ ပညာရည်မြင့်မားမှသာ ပိုင်းခြားဝေဖန် တီထွင်ဆန်းသစ်နိုင်သည့် အတွေးအခေါ်များရရှိမည်ဖြစ်သည်။ အနာဂတ်လူငယ်များ နိုင်ငံ၏ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာ များထိန်းသိမ်းနိုင်ရေးနှင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်ပညာရေးကဏ္ဍကို ဘက်စုံမြှင့်တင်ပေးလျက်ရှိသည်။

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက်ထားမှသာဘဝရပ် တည်ရေးကိုအာမခံနိုင်မည်ဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီးဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည် ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည် အသွေး၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များနှင့် ပြည့်စုံရန်လိုအပ်သဖြင့် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို နိုင်ငံတော်က မြှင့်တင်ဆောင်ရွက်ပေးနေသည်။ သို့သော် တိုင်းရင်းသားဒေသများ၊ အထူးသဖြင့် ပြည်နယ်များရှိ ကျေးလက် ဒေသအချို့တွင် ဘာသာစကားအခက်အခဲများ၊ ပညာရေးအားပေးမှု အားနည်းချက် များနှင့် အခြားသောအခက်အခဲများ၊ စိန်ခေါ်မှုများကြောင့် ပညာရည်နိမ့်ကျမှုများ၊ ပညာမသင်နိုင်မှုများရှိနေသည်။ ပညာရေးနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးတွင်ရှိသည့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များအားလုံး ဖွင့်လှစ်ပေး လျက်ရှိသော်လည်း အချို့သောဒေသများ၌ နယ်မြေအခြေအနေအရ မဖွင့်လှစ်နိုင်သည့် ကျောင်းများရှိနေသည်။ ဥပမာအားဖြင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်အတွင်းရှိ အချို့မြို့နယ်များတွင် လက်နက်ကိုင်အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် ကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။

နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်နှင့် ကောလိပ်များကို တစ်နိုင်ငံလုံး ဖွင့်လှစ်သင်ကြားနိုင်အောင် ဆောင်ရွက်ပေးနေသော်လည်း အဖျက်အမှောင့် လုပ်ရပ်များ၊ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ကျောင်းများမဖွင့်လှစ်နိုင်ရာ ဒေသခံ ကျောင်းသားကျောင်းသူများ များစွာနစ်နာဆုံးရှုံးမှုများ ဖြစ်ကြရသည်ကို တွေ့မြင်နေရသည်။ ကလေးသူငယ် လူငယ်လူရွယ်လေးများသည် မိမိတို့၏အနာဂတ်အတွက် အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ပညာသင်ကြားနေရသည်။ ပညာသင်ကြားနိုင်အောင်လည်း နိုင်ငံတော်ကကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အကြောင်းကြောင်းကြောင့်ပညာမသင်ကြားရသောအခါ ကလေးငယ်များ၏ အနာဂတ်ပျောက်ဆုံးကြရသည်။

ယခုကာလ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် အခြေခံပညာစာမေးပွဲမျာ ကျင်းပတော့မည်ဖြစ်သည်။ တစ်နှစ်ပတ်လုံး ပညာသင်ကြားခဲ့ပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်ရန်အတွက် ကြိုးစားအားထုတ်နေကြသည်။ ပဋိပက္ခနယ်မြေဒေသများမှ ပညာမသင်ကြားရသော ကလေးသူငယ်များသည် မျှော်လင့်ချက်ကင်းမဲ့လျက် မရေရာသောဘဝများနှင့် အန္တရာယ်များကြားတွင် ရှင်သန်နေကြရသည်။ ကျောင်းနေကလေးများ တစ်ဆင့်တက် လှမ်းနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေ ရမည်ဖြစ်သလို ကျောင်းမနေရသော ကလေးငယ်များ ကျောင်းနေနိုင်ရေးအတွက် ကိုယ်ချင်းစာတရားထားကာ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

မြို့ရွာများ တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းဆောင်ရွက်ပေးပြီး ဒေသခံကလေးသူငယ် လူငယ်လူရွယ်များ ပညာသင်ကြားနိုင်အောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ ရပ်ရွာဒေသ လုံခြုံရေး၊ ရပ်ရွာအကျိုးသယ်ပိုးရေးအတွက် အားလုံအတူတကွ လက်တွဲဆောင်ရွက်ကြ ရမည်ဖြစ်သည်။ စာသင်နှစ်တစ်နှစ် နစ်နာဆုံးရှုံခြင်းသည် ကျောင်းသား ကျောင်းသူ လူငယ်များအတွက်သာမက မိဘများနှင့်တိုင်းပြည်အတွက်ပါ ထိခိုက်ဆုံးရှုံးခြင်းဖြစ်၍ ပညာသင်ကြားနိုင်ရေးကို အထူအလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။ အဖျက်အမှောင့် နှောင့်ယှက်မှုမျာ လုပ်ဆောင်သူများက ကိုယ်ချင်းစာတရားကင်းမဲ့စွာ၊ အသိဉာဏ်ခေါင်းပါးစွာဖြင့် ပညာရေးကို ထိခိုက်နစ်နာအောင် လုပ်ဆောင်လျက်ရှိသော်လည်း ပညာရေးကောင်အောင်၊ လူငယ်လူရွယ်များ၏ အနာဂတ်ကောင်းမွန်လာအောင် ဝိုင်းဝန်းပူးပေါင် ညီညွတ်စွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျှောက်တွင် နိုင်ငံရေး၊ ကိုယ်ကျိုးစီးပွာအရေးကို ဦးစားပေးလုပ် ဆောင်နေသူများကြောင့် ပဋိပက္ခများရှည်ကြာစွာဖြစ်ပွာနေသည်။ အကျိုးဆက်မှာ ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတိုးတက်ရေးတို့တွင် နှောင့်နှေကြန့်ကြာလျက်ရှိပြီး သူတစ်ပါးနိုင်ငံများနောက် ရောက်လျက်ရှိသည်ကို တွေ့ရမည် ဖြစ်သည်။ နိုင်ငံတကာအလယ်တွင် တင့်တယ်စွာ ရပ်တည်နေထိုင်နိုင်ရန်အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး ကောင်းမွန်ရေး၊ ပညာရည်မြင့်မားရေသည် အရေးအကြီးဆုံးအချက်ဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခများကြောင့် အနာဂတ်အတွက် အားထားရမည့်လူငယ်လူရွယ်များ ပညာမသင်ကြား နိုင်သည်မှ စိတ်မကောင်းစရာဖြစ်သည်။ သို့ဖြစ်ရာအနာဂတ်နိုင်ငံတော်နှင့် အနာဂတ်လူငယ် လူရွယ်များ အကျိုးစီးပွားကိုရှေးရှု၍ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ဝိုင်းဝန်လက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ကြေးမုံ(အယ်ဒီတာ့အာဘော်)