Skip to main content

ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ လက်ထက်တွင် ညအိပ်ရပ်နားနိုင်မည့် ယာဉ်ရပ်ဝင်း ရှစ်ခု တည်ဆောက်ရန်စီစဉ်ထားရာ လေးခုပြီးစီး

ရန်ကုန် ဇန်နဝါရီ ၂၉

ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) လက်ထက်တွင် ညအိပ်ရပ်နားနိုင်မည့် ယာဉ်ရပ်ဝင်းရှစ်ခုတည်ဆောက်ရန် စီစဉ်ထားရာလေးခုမှာ တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ခွင့်ပြုချပေးထားသည့် သုခဒဂုံအိမ်ရာဝင်းရှိ ငါးဧကအကျယ်ရှိသော မြေပေါ်တွင် ယာဉ်ရပ်ဝင်းတစ်ခုကို ထပ်မံဆောက်လုပ်နေကာ ယခင်ကတည်ဆောက်ပြီးစီးသည့် ယာဉ်ရပ်ဝင်းခုနစ်ခုရှိကြောင်း သိရသည်။

“ယာဉ်နားကွင်းတွေ မဖြစ်မနေလိုအပ်တယ်။ အရင်က လုပ်ပြီးသား ခုနစ်ခုလောက်ရှိတယ်။ YRTC လက်ထက်မှာလုပ်တာ အခု တည်ဆောက်ပြီးတာ လေးနေရာလောက်ရှိတယ်။ တည်ဆောက်ဆဲက တစ်နေရာ။ ရှစ်နေရာက တည်ဆောက်သွားဖို့ရှိတာ။ လှိုင်သာယာဘက်မှာ ယာဉ်ရပ်ဝင်းရှိတယ်၊ မြောက်ဒဂုံမှာ taxi ယာဉ်ရပ်ဝင်းရှိတယ်။ မြောက်ဥက္ကလာမှာရှိတယ်။ သုခဒဂုံအိမ်ရာ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဥက္ကလာမြို့နယ်တို့မှာ တည်ဆောက်သွားမှာပါ”ဟု YRTC မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ ယာဉ်ရပ်နားဝင်းများ၏ အကျယ်အဝန်းမှာ မြေဧကငါးဧကမှခုနစ် ဧကအတွင်းရှိပြီး ၎င်းတို့၏ အကျယ်အဝန်းအလိုက် ယာဉ်အစီးရေ ၂၀၀၊ ၃၀၀ ခန့် ရပ်နားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

MT