Skip to main content

မန္တလေးတိုင်းဒေသကြီးနယ်မြေ ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့နယ်များတွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆက်လက်ဆောင်ရွက်

မန္တလေး ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၉၂ ခုမှ ပြည်သူ ၃၈၁ ဦး၊ ကျောက်ပန်းတောင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၁၂၁ ခုမှ ပြည်သူ ၂၆၅ ဦး စုစုပေါင်း ၆၄၆ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေး လေ့လာကြသည်။

တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ် မဲပေးကြသည်။ မြန်မာအီလက် ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်