Skip to main content

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဝန်ထမ်းများ တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်အပ်နိုင်ရေးအတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲဖြေဆိုနေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၈

သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသောဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်အပ်နိုင်ရန် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများအလိုက် စာစစ်ဌာနများတွင် ကျင်းပရာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အရည်အချင်းပြည့်ဝပြီး ဝန်ကြီးဌာနနှင့် နိုင်ငံအကျိုးသယ်ပိုးနိုင်သော ဝန်ထမ်းကောင်းများဖြစ်စေရေးအတွက် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ အရည်အချင်းစစ်စာမေးပွဲကိုလည်း ဝန်ထမ်းများအနေဖြင့် ကြိုးစားဖြေဆိုကြရန် အားပေးမှာကြားသည်။

အဆိုပါ အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နေပြည်တော် (ရုံးချုပ်) အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲ များနှင့် ပြည်တွင်း/ ပြည်ပ သင်တန်းများသို့ တက်ရောက်သင်ကြားနေသော ဝန်ထမ်းများက သက်ဆိုင်ရာ ရာထူးအဆင့်နေရာများအလိုက် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်