နေပြည်တော် စက်တင်ဘာ ၁
အမျိုးသား အဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် အတွင်း ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ကြသည့် ဒေသခံစေတနာ့ ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်း (Online Training) သင်ကြား ခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ပူးပေါင်း၍ ကျင်းပသည်။
အဆိုပါ သင်တန်းကို စေတနာ့ဝန်ထမ်းသင်တန်းလက်စွဲစာအုပ်ပါ လမ်းညွှန်ချက်များ အတိုင်း ဆွေးနွေးသင်ကြားခြင်းဖြစ်ပြီး စစ်တွေမြို့ ဒေသခံစေတနာ့ဝန်ထမ်း (၁၃) ဦးတက်ရောက်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆင့်ပွားသင်တန်းတက်ရောက်နေကြသူများ၊ ရခိုင်ပြည်နယ်၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ရန်ကုန်မြို့မှ သွား ရောက် ကူညီပေးကြသည့် စေတနာ့ဝန်ထမ်း (၂၅) ဦးတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ Video Conferencing စနစ်ဖြင့် တွေ့ဆုံ၍ စေတနာ့ ဝန်ထမ်းများ၏ အကြံပြုချက်များ၊ လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် Quarantine လုပ်ငန်းစဉ်သည် အရေးကြီးကြောင်း၊ Quarantine လုပ်ငန်းစဉ်အတွက် စေတနာ့ဝန်ထမ်းများ၏ အင်အားသည် အရေးကြီးပါကြောင်း၊ စေတနာ့ ဝန်ထမ်းများ အနေဖြင့် Quarantine ဝင်ရသူများနှင့် ပြောဆိုဆက်သွယ် ဆောင်ရွက်ရာတွင် သဘာထား ကွဲလွဲမှုများ ကြုံတွေ့နိုင်ပါကြောင်း၊ မိမိတို့ဆောင်ရွက်သည့်လုပ်ငန်း၏ ရည်ရွယ် ချက်ကို မထိခိုက်စေရန် မှန်ကန် ထိရောက်သော ပြောဆိုဆက်သွယ်ဆောင်ရွက်မှု များဖြစ် စေရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်တွင် ပြောဆို ဆက်သွယ်မှု ဆိုင်ရာ ကျွမ်းကျင်မှုကဏ္ဍကို ထည့်သွင်း ပေးထားပါကြောင်း၊ ယနေ့ခေတ် လူငယ်များသည် စိတ်ဓါတ်အခြေခံ ကောင်းများရှိခြင်းကြောင့် သင်ယူလေ့လာမှုတွင် တတ်မြောက်ရန်လွယ်ကူ ကြပါကြောင်း၊ ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသူများအနေဖြင့် မိမိကိုယ်တိုင် ရောဂါပိုး မကူးစက်ရန် အထူးသတိထား ကာကွယ်ကြရန် အရေးကြီးပါကြောင်း၊ အခက်အခဲ များကြားမှ ရခိုင်ပြည်နယ်အတွင်း ပါဝင်ပူးပေါင်းကူညီ ဆောင်ရွက်ကြသည့်အတွက် ကျေးဇူး တင်ဝမ်းမြောက်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများ၏ အကြံဉာဏ်များကို အလေးထားပါ ကြောင်း၊ စည်းလုံးညီညွတ်စွာပူးပေါင်း ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ လိုအပ်ချက်များနှင့် အခက်အခဲများကို ဝိုင်းဝန်း၍ ဆက်လက်ပူးပေါင်း ဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ ယနေ့ စေတနာ့ဝန်ထမ်း (ဆင့်ပွား)သင်တန်း (Online Training) သင်ကြားခြင်းကို ပါဝင်တက် ရောက်ကြသည့် ဒေသခံများ၊ အင်အားဖြည့် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် online ဖြင့် အချိန်ပေးဆွေးနွေး သင်ကြား ပေးသည့် သင်တန်း ဆရာ/ ဆရာမများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးစိုးအောင်က CERP Plan အရ ရခိုင်ပြည်နယ်အတွင်း ထောက်ပံ့ပေးမှုများနှင့် ဝန်ကြီးဌာနက တိုက်ပွဲရှောင်များအတွက် စားနပ်ရိက္ခာပုံမှန် ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စေတနာ့ဝန်ထမ်းများက လိုအပ်ချက်များနှင့် အကြံပြုချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်တို့က မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းပေးနိုင်သည့် ကိစ္စများကို အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ပြီး သီးခြားလိုအပ်ချက်များ၊ အခက်အခဲများကို သက်ဆိုင်ရာဌာန များနှင့် အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေး ခဲ့ကြပြီး ဆက်လက်၍ စေတနာ့ဝန်ထမ်းများက ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူ များအတွက် အစိုးရက ပံ့ပိုးကူညီမှုများနှင့်ပတ်သက်၍ ဆောင်ရွက်လျက် ရှိသည့် ထောက်ပံ့ မှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ပညာပေးမှု အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက် လိုသည့် အချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် စေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်း (Online Training) သင်ကြားခြင်း ကို ဆက်လက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ (သတင်းစဉ်)