နေပြည်တော် စက်တင်ဘာ ၁
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) ရုံးချုပ်၌ 13th Meeting of ARMAC Steering Committee အစည်းအဝေးအား ယနေ့ နံနက် (၈)နာရီတွင် video Conferencing စနစ်ဖြင့် ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် အတူ ARMAC၏ Steering Committee ဝင်များဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်အောင်နှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီးအေးဝင်းတို့က Video Conferencingဖြင့် နေပြည်တော်မှ ပါဝင်တက်ရောက်သည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ဦးဆောင်လမ်းညွှန် ကော်မတီဝင်ကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန(ARMAC)မှ Mr. ly Panharith (Executive Director, ARMAC) နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ARMAC ၏ Executive Director အသစ်ရွေးချယ်ပွဲအား Voting စနစ်ဖြင့် ပြုလုပ်ခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံမှ Mr. Prum Suonpraseth ကို အာဆီယံအဖွဲ့ဝင် နိုင်ငံများက ထောက်ခံမဲ(၁၀)မဲဖြင့် အတည်ပြုရွေးချယ်ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)