Skip to main content

ပခုက္ကူမြို့အခြေစိုက် အမှတ် (၁ဝ၁) ခြေမြန်တပ်မဌာနချုပ်နှင့် အနောက်ဘုန်းကံရွာရှိ စခန်းတစ်ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ဝ ဦး သေဆုံးဟု သတင်းမှားများရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်နှင့် အနောက်ဘုန်းကံရွာရှိ စခန်းတစ်ခုကို လက်နက်ကြီးအလုံး ၂၀၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့သည်ဟု အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit မှ သတင်းတု သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်များအရ အကြမ်းဖက်သောင်းကျန်းသူများမှ လက်လုပ်လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ကျေးရွာများအနီးသို့ ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်းနှင့် စစ်သည် ၁၀ ဦးသေဆုံးသည်ဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို စိတ်ဓာတ်ကျဆင်းစေရန်ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။